ကိုရီးယားနိုင်ငံအတွင်းရောက်ရှိနေပြီး ၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးကုသမှုအာမခံ ထားခွင့်မရရှိသော ရွှေ့ပြောင်းအလုပ်သမားများကို ဟန်လင်းဆေးရုံ လူမှုရေးလုပ်ငန်း (한림병원 사회사업) က ဆေးရုံစရိတ်နှင့် ခွဲစိတ်ကုသမှုစရိတ်များ အခမဲ့ ကူညီ ထောက်ပံ့နေကြောင်း သတင်းကောင်းပါးလိုက် ပါသည် ။
အကူအညီ ရယူနိုင်သူများမှာ -
ကိုရီးယားနိုင်ငံအတွင်းရောက်ရှိနေသည်မှာ ရက်ပေါင်း ၉၀ ကျော်ကြာပြီဖြစ်သူများနှင့် ၄င်းတို့၏ သားသမီးများ ။
ကိုရီးယားနိုင်ငံအတွင်း ရက်ပေါင်း ၉၀ ကျော်ကြာနေထိုင်ပြီးမှ ဖြစ်ပွါးလာသော ရောဂါဘယများနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ရပါမည် ။
ကျန်းမာရေး အာမခံထားခွင့်မရရှိသူများ (ရက်လွန်နေထိုင်သူများ ၊ ဗီဇာမရှိသူများ)ကိုသာ ထောက်ပံ့ခြင်းဖြစ်ပါသည် ။ (အာမခံစနစ်အတွင်းအကျုံးဝင်သော်လည်း အာမခံထားရန် ပျက်ကွက်သူများ မပါ ။)
ရယူနိုင်သည့် အကူအညီများမှာ -
ဆေးရုံစရိတ် ။ ။ ၁ ကြိမ်လျင် ဝမ် သိန်း ၅၀ ထက် မကျော်သည့် ကန့်သတ်ချက် အတွင်း ၊ ဆေးရုံစတက်သည်မှ ဆေးရုံဆင်းချိန်အထိ ကျသင့်သော ဆေးရုံစရိတ်အစုစု ။
ခွဲစိတ်ကုစရိတ် ။ ။ ခွဲစိတ်ကုသခြင်းမပြုမှီ ဆေးရုံပြခဲ့ရသည့် ကနဦးဆေးစစ်ခ ၁ ကြိမ်နှင့် ခွဲစိတ်ခြင်း နှင့်ဆက်စပ်လျက် ခွဲစိတ်မှုခံယူပြီး နောက် ၃ ကြိမ်အတွက် စစ်ဆေးကုသမှုစရိတ်များ အပါအဝင် ခွဲစိတ်ကုသစရိတ်များ ။
ဆက်သွယ်ရန်မှာ -
한림병원 사회사업실 - 032-540-9015
Saturday, November 6, 2010
ရွှေ့ပြောင်းအလုပ်သမားတို့အတွက် ဟန်လင်း ဆေးရုံ လူမှုရေးလုပ်ငန်းရှိတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment