ကိုရီးယားနိုင်ငံရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျာ ။
ကရင်လူငယ်အစည်းအရုံး(ကိုရီးယာားဌာနခွဲ)က ကြီးမှူးလျက် “ ကရင်သက္ကရာဇ် ၂၇၅၀ပြည့်နှစ် ၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်” ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်ချီးမြင့်တော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည် -
နေ့ရက် ။ ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၂ ရက် (တနင်္ဂနွေနေ့)
အချိန် ။ နေ့လည် ၁နာရီမှ ညနေ ၄ နာရီ ထိ
နေရာ ။ ဆိုးလ်မြို. (Korea Migrants Center) KM အလုပ်သမားစင်တာ ပဉ္စမထပ် ။
အကျွေးအမွေး ။
- ပန်းတနော် ပုဇွန်ကြော်နှပ် ၊ ဟင်္သာတ-ဝက်သားလုံးကြော်ချက် ၊ သံတောင်-ကရင့်ရိုးရာ တာလပေါ ၊ တနင်္သာရီ (ဒါမလိုက်) ငပိရည် နှင့်တို့စရာအစုံအလင် ။
အထူးအစီအစဉ် ။
- (၁) အသဲကောင်းပြီးပွဲတောင်းကြတဲ့ ကရင်လူငယ်များ၏ ရိုးရာလက်ဝှေ့ပွဲ ။
- (၂) အထူးစိန်ခေါ်ပွဲ - စောမိုက်ကယ် - ( ပန်းတနော်) နှင့် စောလုံးပိန် - ( ရွှေလှောင်း)
နှစ်သစ်လက်ဆောင်အစီအစဉ် ။
- ကွန်ပျုတာလက်တော့ (computer laptop) အပါအဝင်, အမ်ပီသရီး(MP3), အမ်ပီဖိုး(MP4) များကို ကံစမ်းမဲ စနစ်ဖြင့်ချီးမြှင့်ပါမည်။
ကရင်ညီအစ်ကိုမောင်နှမများသို့ -
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လူအား ၊ အကြံ ဥာဏ်အား၊ ငွေအားတို့ဖြင့် အောက်ပါ ညီအစ်ကိုများထံ ပူးပေါင်းကူညီဆောင်ရွက်ကြပါရန် လေးစားစွာ မောတ္တာရပ်ခံ နှိုးဆော်အပ်ပါသည် -
- စကက်နက်မိုး(၀၁၀ ၈၇၁၄ ၇၀၁၉) ၊
- စောလှိုင်မျိုးသိမ်း (၀၁၀ ၄၉၉၇ ၄၇၇၁)၊
- စောကျော်သက်ထွဏ်း (၀၁၀ ၆၂၈၄ ၃၈၀၄)၊
Saturday, January 1, 2011
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ဖိတ်ကြားလွှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment