ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ “အမေနေ့ ကဗျာရွတ်ပွဲ” ပြုလုပ်ပါမယ်။ မြန်မာတွေအဖို့ ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေ လုပ်လာကြတာ နှစ်အတန် ကြာခဲ့ပါပြီ။ ကိုရီးယားမှာလည်း လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ လေးငါးပွဲလောက် လုပ်ခဲ့ကြဖူးပါတယ်။ ဒီနှစ်တော့ ကဗျာရွတ်ပွဲ အဖြစ် လုပ်ပါမယ်။ စာပေ၀ါသနာရှင်များ လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အမေဆိုတာ လူတိုင်းမှာ ရှိတာပဲ။ အမေနဲ့ ပတ်သက်တဲ့ တစုံတရာ ခံစားလိုတယ်, မျှဝေလိုတယ်, ဂုဏ်ပြုလိုတယ် ဆိုရင် ဘယ်သူမဆို ဒီပွဲကို လာရောက်နိုင်ပါတယ်။
ဒီလိုစီစဉ်ထားပါတယ်...
နေ့ရက် = ၂၀၁၁ ဇန်န၀ါရီ ၁၆ (ပြာသိုလပြည့်က ၁၉ ရက်နေ့ကျပေမယ့် ကိုရီးယားမှာတော့ ထုံးစံအတိုင်း အနီးစပ်ဆုံး တနင်္ဂနွေ ပိတ်ရက်မှာ လုပ်ရပါတယ်။)
နေရာ = စကားဝါ စားသောက်ဆိုင်၊ ဗူဖျောင်းမြို့
အချိန် = ညနေ ၆ နာရီမှ ၈ နာရီ
ပွဲသဘင် = ကိုယ်တိုင်ရေးပဲ ဖြစ်ဖြစ်, ကိုယ်နှစ်သက်တာပဲ ဖြစ်ဖြစ် ရွတ်မယ်။ ကိုယ်ရွတ်လိုတာကို ကိုယ့်ဘာသာ ကြိုတင်စီစဉ်လာကြဖို့ ဖြစ်တယ်။ ကိုယ်ရွတ်တဲ့ ကဗျာကို ပွဲစီစဉ်သူထံ မှတ်တမ်းအဖြစ် ပေးခဲ့ရမယ်။ ဖြန့်ဝေလိုရင် ကော်ပီပွားလာခဲ့ပါ။ ကဗျာရွတ်ပွဲ အပြီးမှာ ညစာစားရင်း စာပေစကားဝိုင်း ဖွဲ့မယ်။
ညစာ = ကဗျာရွတ်ပွဲ တက်ရောက်သူများ ညစာအတွက် တဦးလျှင် ၀မ်တစ်သောင်း ထည့်ဝင်ရပါမယ်။
ဆက်သွယ်ရန် = ဒီပွဲနဲ့ ပတ်သက်ပြီး ဆက်သွယ်လိုရင် ဖုန်း 010 4034 5712 သို့ ဆက်သွယ်ပါ။
လေးစားလျက်
ဝင်းပေါ်မောင်
Monday, January 10, 2011
အမေနေ့ ကဗျာရွတ်ပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment