ဓမ္မဒူတ(ကိုရီးယား) အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ စိတ်လက် အပမ်းပြေမှု ရရှိစေရေး ၊ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး နှင့် ဒေသန္တရဗဟုသုတရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် လာမည့်နွေရာသီပိတ်ရက်တွင် ကမ္ဘာကျော် ဂျယ်ဂျူးငြိမ်းချမ်းရေးကျွန်းသို့ အပမ်းဖြေခရီး ထွက်မည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည် ။
အဆိုပါ နွေရာသီခရီးသည် ၁ ညအိပ် ၂ ရက် ခရီးစဉ်ဖြစ်ပြီး ၊ အောက်ပါ အစီအစဉ်အတိုင်းဖြစ်ပါမည် -
၂၀၁၁-ဇူလိုင်လ-၃၀ (စနေနေ့) နံနက် ၊ စထွက်မည် ။
၂၀၁၁-ဇူလိုင်လ-၃၁ (တနင်္ဂနွေနေ့) ညနေ ပြန်လည်ရောက်ရှိမည် ။
နွေရာသီခရီးစဉ်အတွက် အသွားအပြန်လေယာဉ်လက်မှတ်ခနှင့် (ခရီးစဉ်စဆုံး) တည်းခိုစရိတ် ၊ စားသောက် စရိတ်စရိတ်များ အပါအဝင် ၁ ဦးလျင် ဝမ် ၃ သိန်းနှုန်း သတ်မှတ်ထားပါသည် ။
လေယာဉ်လက်မှတ်များကို အနည်းဆုံး ရက်သတ္တ ၂ ပတ် ကြိုတင်ဝယ်ယူရမည်ဖြစ်ပါသဖြင့် ၊ လိုက်ပါမည့်သူများ ဇူလိုင်လ ၁၀ ရက် (တနင်္ဂနွေနေ့) ညနေ ၄ နာရီနောက်ဆုံးထား ပြီး ၀၁၁-၉၃၆၀-၁၇၉၂ သို့မဟုတ် ၀၁၀-၂၃၃၁-၂၄၅၇ တို့ထံ စာရင်းပေးသွင်းကြရန် လေးစားစွာ အသိပေးအပ်ပါသည် ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
Thursday, June 30, 2011
ဓမ္မဒူတ(ကိုရီးယား) ဂျယ်ဂျူးဒို သို့ နွေရာသီအပမ်းဖြေခရီး ထွက်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment