Thursday, June 30, 2011

ဘူဆန် ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် ၀ါဆိုသင်္ကန်း ကပ်လှူပွဲ နေရာပြောင်းလဲခြင်း

၃.၇.၂၀၁၁ နေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို ဘူဆန် ဗုဒ္ဓဘာသာ အသင်းတိုက်သို့ ပြောင်းရွှေ့ ကျင်းပမည် ဖြစ်ပါသည်။

အခမ်းအနား အစီအစဉ်မှာ ယခင်အတိုင်း ဖြစ်ပါသည်။

နေ့ရက် = ၂၀၁၁ ဇူလိုင် ၃ (တနင်္ဂနွေနေ့)
နေရာ = ဘူဆန် ဗုဒ္ဓဘာသာ အသင်းတိုက်
လမ်းညွှန်မှာ နံပါတ် (၁)လိုင်း 시청 (City Hall) ဘူတာ ဂိတ်နံပါတ် (၇) တွင် ဆင်း၍ ကိုမြင့်ခိုင် (010-2383-9123) ၊ ကိုခိုင် (010-2712-0877) သို့ ဆက်သွယ် လာရောက်နိုင်ပါသည်။
ဧည့်ခံကျွေးမွေးချိန် = နံနက် ၁၁ နာရီတွင် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ကပ်ပါမည်။
ကြွရောက်လာသည့် ဧည့်သည်များအား နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးပါမည်။
ဒံပေါက်အလှူရှင် = ကိုရီးယားကျောင်းဒကာ မိသားစု
တရားတော် နာယူချိန် = နေ့လယ် ၂ နာရီ

ဘူဆန်းနှင့် ဂင်ဟဲမြို့နေ ဒကာ ဒကာမများနှင့် မဇ္ဈိမယာနအဖွဲ့

No comments: