၁၃၇၃ခုနှစ် ဓမ္မဒူတ ဝါဆိုသင်္ကန်းကပ်လှူပွဲ အလှူရှင်များစာရင်း
ဓမ္မဒူတယဉ်ကျေးမှုအသင်းက ကြီးမှူးလျက် ၁၃၇၃ ခုနှစ် ဓမ္မဒူတ(ကိုရီးယား) ဝါဆိုသင်္ကန်းကပ်လှူပွဲကို ဇူလိုင်လ ၁၇ ရက်နေ့က ဓမ္မဒူတ(ကိုရီးယား)တွင် ကျင်းပပြုလုပ်ခဲ့ရာ ၊ ပင်မအလှူရှင် ဒေါ်လှလှဌေးနှင့် ဒေါ်စန်းစန်းဝင်း(မိုးညှင်း)တို့က ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့အား အာဟာရဒါနတို့ဖြင့် ဧည့်ခံလှူဒါန်းခဲ့ကြကြောင်း ၊ အလှူမင်္ဂလာပွဲသို့ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် ၆ ပါးတို့ ကြွရောက်အလှူခံတော်မူခဲ့ကြပြီး အလှူရှင် (မိသားစုနှင့် အသင်းအဖွဲ့များအပါအဝင်) ပေါင်း ၁၀၃ ဦးတို့က သင်္ကန်း ၊ ပရိက္ခရာ ရှစ်ပါး နှင့်တကွ ဝမ် သိန်း၃၀ နှင့် ၂သောင်း တန်ဖိုးရှိ လှူဖွယ်ဝတ္ထု အစုစုတို့ကို ပါဝင်လှူဒါန်းခဲ့ကြကြောင်း ၊ အဆိုပါ အလှူဒါနအစုအစုတို့၏ အဖို့ဘာဂကို ဝေနေယျများစွာတို့ ဝမ်းမြောက်နုမော် သာဓုခေါ်ဆို ကုသိုလ်ယူနိုင်ကြစေရန် စိတ်ရည်သန်လျက် ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့က အလှူရှင်များစာရင်းကို ယနေ့ ထုတ်ပြန်လိုက်ကြောင်းနှင့် အလှူရှင်များစာရင်းကို (ဤနေရာ) တွင် ကြည့်ရှုနိုင်ကြကြောင်း သိရသည် ။
Wednesday, August 3, 2011
၁၃၇၃ခုနှစ် ဓမ္မဒူတ ဝါဆိုသင်္ကန်းကပ်လှူပွဲ အလှူရှင်များစာရင်းကြေညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment