ကိုရီးယားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် H.R.D.Korea(Human Resources Development Service Of Korea) တို့၏ အစီအစဉ်ဖြင့် ကိုရီးယားနိုင်ငံရှိ အသေးစားနှင့်အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်လိုသူများအား လုပ်ငန်းခွင် အရည်အချင်း စစ်ဆေးမှု ပြုလုပ်မည်ဟု စက်တင်ဘာလ ၁၅ရက်နေ့က ထုတ်ပြန် ကြေညာပါသည်။ ကိုရီးယားနိုင်ငံသို့ EPS(Employment Permit System)ဖြင့် လာရောက်လုပ်ကိုင်သူ နိုင်ငံခြားသား အလုပ်သမားများအား အခြေခံ ကိုရီးယားဘာသာ အရည်အချင်းသာ စစ်ဆေးပြီး ခေါ်ယူခဲ့သည့် အတွက် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ ခေါ်ယူ အသုံးပြုမည့် အလုပ်သမား၏ လုပ်ငန်းခွင် အရည်အချင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ရန် အခက်အခဲများစွာ ရှိကြောင်း ဝေဖန် အကြံပြုမှုများကြောင့် လုပ်ငန်းခွင် အရည်အချင်း စစ်ဆေးခြင်း ဖြစ်သည်ဟု သိရသည်။
ယခင်က စိုက်ပျိုးရေး၊ ရေလုပ်ငန်း ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင်သာ ပြုလုပ်ခဲ့သော လုပ်ငန်းခွင် အရည်အချင်းစစ်ဆေးမှုသည် အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကိုပါ တိုးချဲ့ စစ်ဆေးခြင်းဖြစ်သည်။ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် စက်တင်ဘာလ ၁၇ရက်နေ့မှ ၂၂ရက်နေ့အထိ ကိုရီးယားနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်ရန် လျှောက်ထားသူများ အနက်မှ (၁ဝဝဝ)ဦးအား စတင်စစ်ဆေးမည်ဟု သိရသည်။
အရည်အချင်းစစ်ဆေးရာတွင် အခြေခံ လုပ်ငန်းခွင် အရည်အချင်း၊ ကျန်းမာကြံ့ခိုင်မှု နှင့် ကိုရီယားဘာသာ အင်တာဗျုး စသည်ဖြင့် ခွဲခြားစစ်ဆေးမည် ဖြစ်ပြီး ထိုစစ်ဆေးချက်များအား ရုပ်သံဖြင့် မှတ်တမ်းတင်ကာ EPS(Employment Permit System) home page မှတဆင့် အလုပ်သမား အသုံးပြုမည့် ကိုရီးယား လုပ်ငန်းရှင်များထံသို့ ဖြန့်ဖြူးပေးမည်ဖြစ်သည်။ အရည်အချင်းပြည့်မှီသူများအား ဦးစားပေးစနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ ခေါ်ယူ အသုံးပြုမည်ဟု ကိုရီးယား အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူမှ ထုတ်ဖော်ပြောဆိုပါသည်။
ကိုလူချစ်(ကိုရီးယား)
ကိုရီးယားနိုင်ငံထုတ် အင်တာနက် သတင်းစာများမှ ဘာသာပြန်ဆိုပါသည်။
Friday, September 16, 2011
ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများအား လုပ်ငန်းခွင် အရည်အချင်း စစ်ဆေးမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment