ရေးသားသူ — ကိုရွှေမိုး (နမ်ဘူနယ်စားကြီး)
ကျနော့်ရဲ့ “တို့ပိုင်တဲ့မြေ” စားသောက်ဆိုင် စတင်ဖွင့်လှစ်တဲ့ ချူဆော့ပိတ်ရက်အတွင်း လာရောက် အားပေးကြတဲ့ ချစ်ခင်လေးစား ရပါသော အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ ရပ်နီးရပ်ဝေးမှ မိတ်ဆွေများ၊ မိတ်ဟောင်းမိတ်သစ်များနဲ့ ၀ိုင်းဝန်းကူညီကြသူ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ပါကြောင်း ရင်ဘတ်စကား ပြောကြားအပ်ပါတယ်။
ဒန်ပေါက် ဆရာတင်နဲ့  အကြော်ဆရာ ကိုရွှေဇာ တို့ရဲ့ တပတ်တမျိုး အသစ်တိုးတဲ့ ဟင်းလျာအစီအစဉ်ကို ကြိုတင်သိနိုင်ဖို့ တို့ပိုင်တဲ့မြေ ကြော်ငြာအစီအစဉ်ကို အမြဲ ၀င်ကြည့်ဖို့လည်း ပြောကြားပါရစေ။
ကိုရီးယားသို့  E9 ဗီဇာ ဖြင့် အသစ်ရောက်ရှိလာသော မြန်မာနိုင်ငံသား ညီအကိုမောင်နှများအတွက် ဈေးနှုန်းချိုသာသော လက်ကိုင်ဖုန်းအမျိုးမျိုး (လိုင်းဖုန်း/ကဒ်ဖုန်း)နဲ့ တကွ စမတ်ဖုန်း အိုင်ဖုန်း အစရှိသည်များကို တို့ ပိုင်တဲ့မြေမှာ ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။
ထို့ အပြင် အထွေထွေ ၀န်ဆောင်မှုလုပ်ငန်းအဖြစ် ကိုရီးယားလူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်သော တရားဝင်ဗီဇာလိုအပ်သူများ၊ ဗီဇာသက်တမ်း တိုးလိုသူများ၊ ကိုရီးယားသို့ ဆေးဝါးကုသလိုသူများ ခန္ဒာကိုယ် အလှပြုပြင်လိုသူများ၊ .အသေးစားဧည့်လမ်းညွှန် လုပ်ငန်းများနဲ့  ပတ်သက်ပြီးခင်မင်ရင်းနှီးစွာ ဆက်သွယ်မေးမြန်း လုပ်ကိုင်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်တယ်ခင်ဗျာ။
ချစ်ခင်ကျေးဇူးတင်စွာဖြင့်
Thursday, September 29, 2011
ကျေးဇူးစကားနဲ့ သတင်းကောင်း ပါးပါရစေ
ကိုရွှေမိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment