ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့သော နိုင်ငံရေးပါတီများထဲတွင် ပြည်သူလူထု၏ တခဲနက် ထောက်ခံအားပေးခြင်းခံရသော...
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများပြန်လည်ပေါ်ထွန်းလာအောင် စွမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်ခြင်းခံရသော...
အာဏာရှင်တို့၏ ဖိနှိပ်မှုအမျိုးမျိုးကြားထဲမှ ယနေ့အချိန်အထိ အလံမလှဲ... တိုင်းရင်းသားပြည်သူလူထုရှေ့မှ ကြံ့ကြံ့ခံ ရပ်တည်ပေးနေသော...
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့်အတူ...
နိုင်ငံအတွက် ပေးဆပ်မှုမျိုးစုံဖြင့် စွန့်လွှတ်အနစ်နာခံခြင်း ဂုဏ်ရည်တို့ ပြည့်ဝနေသော အဖွဲ့ဝင်များနှင့် ဖွဲ့စည်းတည်ထောင်ထားသော...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဖွဲ့စည်းတည်ထောင်ခြင်း (၂၃) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို
အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်သွားပါမည်။
ကျင်းပမည့်နေ့ရက်။ ။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက် - တနင်္ဂနွေနေ့ ။
ကျင်းပမည့်အချိန် ။ ။ မွန်းတည့် (၁၂း၀၀) နာရီမှ နေ့လယ် (၁၅း၀၀) နာရီအထိ။
ကျင်းပမည့်နေရာ ။ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ၊ ရုံးခန်းမဆောင်၊ ပူချွန်းမြို့။
ယခုနှစ်အခမ်းအနားကို နိုင်ငံရေးဆွေးနွေးပွဲပုံစံမျိုးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ တတ်သိနားလည် ကျွမ်းကျင်သော သုတေသီပုဂ္ဂိုလ်များ မဟုတ်သော်လည်း လေ့လာထားမှုများနှင့် အတွေ့အကြုံများဖြင့် ယနေ့ မြန်မာ့ နိုင်ငံရေး အခြေအနေအရပ်ရပ်ကို အပြန်အလှန် သုံးသပ်ဆွေးနွေးကြမည် ဖြစ်သောကြောင့် မည်သူမဆိုတက်ရောက် ပါဝင်ဆွေးနွေးနိုင်ပါကြောင်း လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။
ပါဝင်ဆွေးနွေးမည့်သူများ .....
ÿ အခမ်းအနားဖွင့်လှစ်ခြင်း အမှာစကား ( ဦးနေထွန်းနိုင်)
ÿ မြန်မာ့နိုင်ငံရေးအရွေ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခန်းကဏ္ဍ ( ဦးအောင်မြင့်ဆွေ)
ÿ ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးကစားကွက်နှင့် မြန်မာ့ဒီမိုကရေစီရေးအလားအလာ ( ဦးသက်နိုင်)
ÿ မြန်မာ့ဒီမိုကရေစီအရေးနှင့် မီဒီယာ၊ လူမှုကွန်ယက်များ၏ အခန်းကဏ္ဍ ( ဦးဝင်းပေါ်မောင်)
ÿ ငါတို့ရဲ့ဧရာဝတီ ( ဦးမောင်ဇော်)
ÿ ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများ၏တာဝန် ( ဦးဘိုဘို)
Type rest of the post here
No comments:
Post a Comment