Sunday, October 9, 2011

` အိပ်မက်အဖွင့် စာမျက်နှာ ´

ရေးသားသူ — Warzo Minn

ဒီမနက်
အိမ်မက်တို့ နိုးထစေ
ပြုံးပန်းဝေ စာစီကုံးတို့
အလွမ်းနှင့်အဆုံးမသတ်စေရ ...

သုံည ကမ္ဘာထဲ
မင်းပျော်မယ်ဆို
ငါ့လက်ကို ရဲရဲတွဲ
မေတ္တာစစ်ပွဲမှာ
ငြိမ်းချမ်းရေးရစေသား ...

ကံတလူလူပွင့်တဲ့ပန်း
အမြဲလန်းရန်မလွယ်လည်း
ငါ့အစွမ်းရှိသမျှ အရိပ်မှာ
ချစ်သူ ခိုနားစေ .. နေရောင်မထိုးစေရ ...

ဘယ်သူမပြု မိမိမှုမှာ
ငါ့ကိုယ်ငါပြု .. ငါ့အမှုသည်
ချစ်သူ .. စိတ်မဆင်းရဲစေရ ..... ။

ဝါဆို
Monday, July 25, 2011 at 4:38pm

No comments: