Saturday, October 22, 2011

ဘုံမဟာကထိန် အောင်ပွဲနှင့် ကိုယ်ပိုင်ကျောင်းနေရာ ၀ယ်ယူရေးအလှူတော်ငွေပေးအပ်ပွဲဖိတ်ကြားလွှာ

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာညီအကိုအပေါင်းတို့...ဂုဏ်ယူဖွယ်ရာ ရွှေမြန်မာတို့၏ ၁၂လရာသီပွဲတော်တို့တွင်
အပါဝင်ဖြစ်သော ဘုံမဟာကထိန်ပွဲတော်ကြီးသည် ညီညွတ်စည်းလုံး ရွှင်ပြုံးကြည်နူး အထူးဂုဏ်ယူစွာ ပြုလုပ်ကြသော
ပွဲတော်ကြီးဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေထိ ၁-လအတွင်းဝယ်
ပြည်မြန်မာတလွှား စည်းကားသိုက်မြိုက်စွာ အလှူမင်္ဂလာကထိန်ပွဲ ဆင်နွဲကျင်းပနေသလို အမျိုးဘာသာသာသနာကို
ချစ်ခင်မြတ်နိုး တန်ဖိုးထားကြသော ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာအပေါင်းတို့သည်လည်း အမျိုးနွယ်၏ အစဉ်လာ
ကောင်းကို ထိန်းသိမ်းသောအားဖြင့် ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်း -မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌
ယခင်နှစ်များနည်းတူ ယခုနှစ်၌လည်း စည်းကားသိုက်မြိုက်စွာ ဖော်ပြပါ အစီစဉ်အတိုင်း ဆင်ယင်ကျင်းပမည်ဖြစ်ပါ၍
ကြွရောက်ကြည်ညို ကုသိုလ်ယူလျက် ရေစက်ချတရားနာကြားကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။

ယခုနှစ်တွင် အထူးအစီစဉ်အနေအားဖြင့် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့တွင် ညီညွတ်စည်းလုံးစွာ
ပဝါရဏာပြုတော်မူကြသော ထေရဝါဒသာသနာပြုသံဃာတော်များ၏ ဆုံးမသြဝါဒကိုခံယူ၍ ထေရဝါဒသာသနာပြု
ရဟန်းတော်တို့၏ ဦးဆောင်မှုဖြင့် ကိုရီးယားနိုင်ငံ၌ ကိုယ်ပိုင်မြန်မာဗုဒ္ဓသာသနာပြုကျောင်းနေရာ ဝယ်ယူလှူဒါန်း
နိုင်ရန် အလှူတော်ငွေ မ,တည်လှူဒါန်းခြင်း အဆိုပြုလှူဒါန်းခြင်း အကြံပြုဆွေးနွေးတိုင်ပင်ခြင်း စည်တို့ကိုပါ
ထည့်သွင်းကျင်းပမည်ဖြစ်ပါ၍ စက်ရုံအသီးသီး၊ နယ်ပယ်အသီးသီးမှကျောင်းဒကာရွှေမြန်မာများအားလုံး မပျက်
မကွက်ကြွရောက်ကြပါရန် လေးလေးစားစား ဖိတ်ကြားအပ်ပါသည် သူတော်ကောင်းအပေါင်းတို့....။

အစီအစဉ်
နေ့ရက် - ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက် တနင်္ဂနွေနေ့ ၊
အချိန် - နံနက် ၈း၀၀ နာရီမှ နေ့လယ် ၂း၀၀နာရီအထိ၊
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ဘူဖြောင်း အင်ချွန်း ၊
ဧည့်ခံကျွေးမွေးမှုအလှူ့ရှင်များ - အင်ချွန်း ယူနိုက်တက် ဘောလုံးအသင်းမှ တာဝန်ယူ၍ ဘုရားအမှူးရှိသော
သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိသတ်တို့အား နံနက် အုန်းနို့ခေါက်ဆွဲ
နေ့လယ် ဒံပေါက်ထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်ပါမည်။

လှူဒါန်းမှု

၁။ ဘုံမဟာကထိန်အလှူပွဲအတွက် သင်္ကန်းနှင့် နဝကမ္မအလှူငွေများ တစ်ဦးချင်းဖြစ်စေ
စုပေါင်း၍ဖြစ်စေ လှူဒါန်းနိုင်ပါသည် ။
၂။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ကိုယ်ပိုင်နေရာဝယ်ယူနိုင်ရန်အတွက် တစ်ဦးချင်း
ဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ လက်ငင်း (သို့မဟုတ်)အဆိုပြု၍ဖြစ်စေ အလှူငွေများလှူဒါန်းနိုင်ပါသည်။

(မှတ်ချက်) အလွယ်တကူလှူဒါန်းနိုင်ရန် ဘဏ်စာအုပ်ကိုလည်း ဖွင့်လှစ်ပေးထားမည်ဖြစ်ပါသည်။
ဆရာတော်နှင့် ကျောင်းကျိုးဆောင်များ ။ ။

No comments: