Sunday, October 9, 2011

သီတင်းကျွတ်လပြည့် ပ၀ါရဏာပွဲနှင့် ကန်တော့ပွဲ

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာညီအကိုအပေါင်းတို့ခင်ဗျား သာသနာနှစ် ၂၅၅၅ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်
သီတင်းကျွတ်လပြည့် (၂၀၁၁.၁၀.၁၂ )ဗုဒ္ဓဟူးနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌ ကိုရီးယားနိုင်ငံရှိ
(မြန်မာ) ထေရ၀ါဒ သံဃာတော်များ စုပေါင်း၍ ပဝါရဏာပြုတော်မူကြပြီး မြန်မာ့ရိုးရာ ဝါကျွတ်ကန်တော့ပွဲနှင့်အတူ
ပဋ္ဌာန်းတရား ရွတ်ဖတ်ပူဇော်ပွဲကို ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်ကြည်ညိုကုသိုလ်ယူ
ပူဇော်ကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်ခင်ဗျား

အစီအစဉ် - ၂၀၁၁.၁၀.၁၂ ရက်နေ့ည ၈း၀၀နာရီတွင် သံဃာတော်များစုပေါင်း ပဝါရဏာပြုတော်မူကြပါမည်၊

၉း၀၀နာရီတွင် ကန်တော့ပွဲ သြဝါဒခံယူပွဲ ကျင်းပပါမည်၊

၎င်းည၌ ပဋ္ဌာန်းပစ္စယနိဒ္ဒေသ စုပေါင်းရွတ်ဆိုပူဇော်ပါမည်၊

သီတင်ကျွတ်လပြည့်ကျော် (၁) ရက်နေ့၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား ဆွမ်းဆက်ကပ်
လှူဒါန်းပါမည်။

တူယှဉ်နွှဲပျော် သီတင်းကျွတ်ပွဲတော် သာဓုခေါ်ဖို့ ကျောင်းသွားစို့...

No comments: