Friday, November 18, 2011

မြန်မာအသင်း (ကိုရီးယား) ဘော်လုံး ဦးဆောင် ကော်မတီ ဖွဲ့စည်း ၊ ကော်မတီမသိဘဲ နိုင်ငံတကာ ပြိုင်ပွဲဝင်မည့် ကလပ်အသင်းများ သတိထား

ဘူချောန်းမြို့ ၊ နိုဝင်ဘာလ ၁၇ ရက်
လွန်ခဲ့သော နိုဝင်္ဘာ ၁၃ ရက် တနင်္ဂနွေ နေ့ မြန်မာအသင်း(ကိုရီးယား) တွင်ကျင်းပသော အစည်းအဝေးက ၊ ကိုရီးယားနိုင်ငံတွင်းရှိ မြန်မာဘောလုံး ကလပ် ၁၃ သင်းမှဦးစီး ဦးဆောင် တစ်ဦးကျစီ ပါဝင် သော မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်း (ဘော်လုံး) ကော်မတီ ကို ဖွဲ့စည်း လိုက်ကြောင်း နှင့် ၄င်းကော်မတီတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည် -
- (၁) ကိုနေသူလှိုင် (ဂေါ်ဂျယ်ဘော်လုံးအသင်း)
- (၂) ကိုစိုးလင်းစိုး (ဒေဂူးဘော်လုံးအသင်း)
- (၃) ကိုဥာဏ်ထွန်း (ရက္ခပူရဘော်လုံးအသင်း)
- (၄) ကိုဝန့်လျန်းမုန်(ခ)ကိုဝီလျံ (ချင်းလူငယ်ဘော်လုံးအသင်း)
- (၅) ကိုကျော်ဝေ (ချောင်းဦးဘော်လုံးအသင်း)
- (၆) ကိုဝင်းနိုင် (အင်ချွန်း စောဂူ ဘော်လုံးအသင်း)
- (၇) ကိုကျော်မိုးမြင့်(ခ)ကိုကျော်လေး (အင်ချွန်းယူနိုက်တက်)
- (၈) ကိုကျော်မိုး (အန်စန်းဘော်လုံးအသင်း)
- (၉) ကိုဖိုးရဲ (မိုးကြိုးဘော်လုံးအသင်း)
- (၁၀) ကိုဝင်းအောင်ကျော်(ခ)ဗိုလ်ဝင်း (ဧရာဝတီဘော်လုံးအသင်း)
- (၁၁) ကိုအောင်ကျော်လင်း (ဂရောင်းဆန် ဒေဂူးဘော်လုံးအသင်း)
- (၁၂) ကိုသားငယ် (ဂွမ်ဂျုးဘော်လုံးအသင်း)
- (၁၃) ကိုပြည့်ဖြိုးအောင်း (ခ) ကိုဖြိုး (အောင်ဆန်းဘော်လုံးအသင်း)
ထို့ပြင် အဆိုပါ မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်းကြီး ပိုမိုအဆင်ပြေချောမွေ့စွာ လှုပ်ရှား လည်ပတ် နိုင်စေရေးအတွက် ဦးဆောင်ကော်မတီ ကိုလည်း အောက်ပါ ပုဂ္ဂိုလ် (၇)ဦးဖြင့် ဖွဲ့စည်းလိုက်သည်ဟု ဆိုပါသည် -
- (၁) ကိုဝင်းအောင်ကျော်(ခ)ဗိုလ်ဝင်း (မြန်မာအသင်းအားကစားရေးရာမှူး)
- (၂) ကိုကျော်ဇောအေး(ခ)ကိုကျားကြီး (အန်စန်း)
- (၃) ကိုကျော်မိုးမြင့်(ခ)ကိုကျော်လေး (အင်ချွန်းယူနိုက်တက်)
- (၄) ကိုဖိုးရဲ (မိုးကြိုး)
- (၅) ကိုပိုင်(ဧရာဝတီ)
- (၆) ဘဏ္ဍာရေးမှူး - ကိုဝန့်လျန်းမုန်(ခ)ကိုဝီလျံ (ချင်း)
- (၇) ပြန်ကြားရေးမှူး- ကိုဝင်းလှိုင် (အောင်ဆန်း)
ကိုရီးယားနိုင်ငံရောက် မြန်မာဘော်လုံးသမားများ စုစည်းနိုင်ရေး နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်နိုင်မှုရရှိစေရေးအတွက် ၊ နိုင်ငံတကာဘော်လုံးပြိုင်ပွဲများတွင်ယခုဖွဲ့စည်းလိုက်သော မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်း အနေဖြင့်သာ မြန်မာကိုယ်စားပြုအသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၊ မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်းအတွက် လက်ရွေးစင်အားကစားသမားများကို မူ ကလပ်အသင်းအသီးသီးမှ အနည်းဆုံး(၂)ဦး ကျစီရွေးချယ်ဖွဲ့စည်းမည်ဖြစ်ကြောင်း ၊ ကလပ်အသင်းများအနေဖြင့် နိုင်ငံတကာဘော်လုံးပြိုင်ပွဲများသို့ ပါဝင်ရန် ဖိတ်ကြားခြင်းခံရပါက ကလပ်အသင်းတာဝန်ရှိသူများ အနေဖြင့် မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်းထံ မပျက်မကွက် အကြောင်းကြားရမည် ဖြစ်ကြောင်း ၊ ဖိတ်ကြားခံ ကလပ်အသင်းများအနေဖြင့် မြန်မာ့လက်ရွေးစင်ဘော်လုံးအသင်းမှ တာဝန်ရှိသူများအား အကြောင်းမကြားဘဲ နိုင်ငံတကာ ဘော်လုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါက မြန်မာအသင်းမှ ကြီးမှူးကျင်းပမည့် အားကစားပြိုင်ပွဲများတွင် အချိန်အကန့်အသတ်မရှိ ပိတ်ပင် ခြင်းခံရမည်ဖြစ်ကြောင်း ၊ ၂၀၁၂ ခုနှစ် မှစတင်ပြီး မြန်မာအသင်းမှ ဦးစီးပြီးဘော်လုံးပြိုင်ပွဲကို အကြိုဖွင့်ပွဲအဖြစ် (၅)လပိုင်းတွင်တစ်ကြိမ် ပြုလုပ်ပြီး၊ (၁၀)လပိုင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၊ မရှင်းမလင်းသည်များရှိပါက ကော်မတီဝင်များဖြစ်စေ မြန်မာအသင်းဥက္ကဌ ဦးခင်မောင်ရင် (၀၁၁-၉၃၈၆-၇၁၅၃)ထံဖြစ်စေ မေးမြန်းနိုင်ကြောင်း သိရသည် ။

No comments: