Sunday, November 27, 2011

အီးပီလုပ်သားများကို လုပ်ငန်းကျွမ်းကျင် (သက်သေခံ) လက်မှတ် ထုတ်ပေးမည်

외국인근로자 경력증명서 발급
အီးပီလုပ်သားများအနေဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ ကိုယ်ပိုင်လုပ်ငန်းထူထောင်ခြင်း သို့မဟုတ် အလုပ်အကိုင်ရှာဖွေခြင်းစသည့်ကိစ္စများတွင် အထောက်အကူဖြစ်စေရန်အလို့ငှာ ၊ ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းကျွမ်းကျင် (သက်သေခံ) လက်မှတ် များကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ စ၍ သက်ဆိုင်ရာ အလုပ်သမားများသို့ ထုတ်ပေးနေပြီဖြစ်ကြောင်း ကြေညာထားပါသည် ။
ထုတ်ယူရမည့်နည်းလမ်းမှာ ၊ (http://www.eps.go.kr/) (အင်္ဂလိပ်ဘာသာ) သို့ဝင်ရောက်ပြီး သက်ဆိုင်ရာ အလုပ်သမားကိုယ်တိုင် မိမိတို့၏ နိုင်ငံကူးလကှ်တ်အမှတ် ၊ ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခဲ့သည့် ခုံအမှတ် ၊ စသည်တို့ကို ဖြည့်စွက်၍ အဖွဲ့ဝင် (회원가입) အဖြစ် မှတ်ပုံတင်ရပါမည် ။ ၄င်းနောက် လော့အင် (로그인) ပြုလုပ်ပြီး ၊ မိမိတို့ သက်ဆိုင်ရာ (e-certificate) အီး-လက်မှတ်များကို ဆွဲချယူပြီး ၊ ပုံနှိပ်ရယူနိုင်မည်ဟုဆိုပါသည် ။ ထို့ပြင် စာမေးပွဲ အဆင့်အတန်း သတ်မှတ်ချက် ၊ အလုပ်စာချုပ် အခြေအနေ (ဘယ်နှနှစ် ကျန် ၊ ဘယ်တုန်းက ဘယ်လိုချုပ်ခဲ့ စသည် ) စသည်တို့ကိုလည်း ကြည့်ရှု နိုင်သည်ဟုဆို ပါသည် ။
အလုပ်စာချုပ်ချုပ် အခြေအနေ စုံစမ်းရာတွင် လည်းကောင်း သက်သေခံလက်မှတ် ထုတ်ယူရာတွင် လည်းကောင်း လိပ်စာစသည်တို့ကို အင်္ဂလိပ်ဘာသာဖြင့်သာ (반드시 영문으로) ရေးသွင်းကြရမည်ဟု ညွှန်ကြားထားပါသည် ။

လျှောက်ထားအပ်ပါသည် ဟူသော (신청버튼) အကွက်ကို ၁ ကြိမ်သာ နှိပ်ရမည်ဖြစ်ပြီး ၊ ပုံနှိပ်ရာတွင် ၅ ကြိမ်အထိသာ ခွင့်ပြုမည်ဟုဆိုပါသည် ။ ၅ ကြိမ်အထက် အလိုရှိပါက သက်ဆိုင်ရာ အလုပ်သမားကိုယ်တိုင် သက်ဆိုင်ရာ ရုံးသို့ သွားရောက်ပြီး သက်ဆိုင်ရာ စာရွက်စာတမ်းများတင်ပြကာ လျှောက်ထားရယူနိုင်မည်ဟုဆိုပါသည် ။

သတင်းအခြေအမြစ် -
- http://www.eps.go.kr/

No comments: