Friday, December 2, 2011

ကိုရီးယား ရုပ်ရှင်သရုပ်ဆောင် ၂ဦး မင်္ဂလာလက်ဖွဲ့ငွေ တချို့အား မြန်မာပြည်သို့ လှူဒါန်းမည်ဟုပြော


ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သော ယူဂျီထဲ(YOUJITAE)နှင့် ကင်မ်ရှိုးဂျင်း(KIM HYOJIN)တို့ စုံတွဲသည် ဒီဇင်ဘာ(၂)ရက်နေ့တွင် မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ပြီး လက်ခံရရှိလာမည့် မင်္ဂလာလက်ဖွဲ့ငွေများမှ တချို့အား မန္တလေးမြို့ရှိ ပြည်ကြီးတံခွန် အလယ်တန်းကျောင်း အသစ် ဆောက်လုပ်ရေးအတွက် လှူဒါန်းမည်ဟု ဒီဇင်ဘာ(၁)ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။ ကိုရီးယား နာမည်ကြီး ရုပ်ရှင်မင်းသား တဦးဖြစ်သော ယူဂျီထဲ(YOUJITAE)သည် ပြီးခဲ့သည့် ၂ဝ၁၁ခုနှစ် ဧပြီလက ပြည်ကြီးတံခွန် မြို့နယ်တွင် အလယ်တန်းကျောင်း အသစ် ဆောက်လုပ်ရန် အတွက် ကိုရီးယားငွေ ဝမ် သန်း(၁ဝဝ)အား လှူဒါန်း ခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် ၂ဝဝ၉ခုနှစ် ကလည်း တရုတ်-မြန်မာနယ်စပ်ရှိ ရှမ်းကျေးရွာ တခုတွင်လည်း မူကြိုကျောင်း တကျောင်းအား ဆောက်လုပ် လှူဒါန်းခဲ့သည်။ ထိုမူကြိုကျောင်းအား ၂ဝ၁ဝခုနှစ် သြဂုတ်လက ဆောက်လုပ် ပြီးစီးသွားပြီး ကလေးငယ် ၁၅၈ဦး ပညာသင်ယူလျှက် ရှိကြောင်း သိရှိရသည်။ ယူဂျီထဲ(YOUJITAE)သည် မြန်မာနိုင်ငံအပြင် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ကလေးသူငယ်များ ပညာရေးအတွက် ထောက်ပံ့လှူဒါန်းနေသူ တဦးလည်း ဖြစ်သည်။

No comments: