ပြည်ပ နိုင်ငံခြားသင်္ဘောလိုင်းများတွင် အလုပ်လုပ်ပြီး နိုင်ငံတော်သို့ တရားဝင်အခွန်ပေးဆောင်နေသော မြန်မာသင်္ဘောသားသုံးထောင်ကို ကားတင်သွင်းခွင်ြ့ပုမည်ြဖစ်ရာ ၂ဝဝ၇ ခုနုနှစှစ် မော်ဒ်ဒယ်လ်လ်မှ ၂ဝ၁၂ ခုနှစ် မော်ဒယ်လ်အထိကားများ တင်သွင်းခွင့်ပြုလိုက်ပြီး အနည်းဆုံး ကန်ဒေါ်လာငါးထောင်မှ ဒေါ်လာသိန်းကျော်တန် ကားများအထိ ပါဝင်သော်လည်း သင်္ဘောသားအများစုကားသွင်းရန် အလွန်အခက်အခဲဖြစ်နေကြောင်း သက်ဆိုင်ရာ၏ထုတ်ပြန်ချက်နှင့် သင်္ဘောသားအများစု၏ ပြောကြားချက်အရ သိရှိရသည်။
တရားဝင်အခွန်ဆောင်ပြီး ဘဏ်စာရင်းတွင် ကန်ဒေါ်လာတစ်သောင်းခွဲမှ ငါးသောင်းအထိရှိသော မြန်မာသင်္ဘောသားတိုင်း ကားတင်သွင်းခွင့်လျှောက်ထားနိုင်ကြောင်း၊ မိမိဘဏ်စာရင်းတွင် ဒေါ်လာတစ်သောင်းရှိလျှင်ဒေါ်လာ ၅ဝဝဝ တန်ကား တင်သွင်းနိုင်ပြီး ဘဏ်စာရင်းတွင် ဒေါ်လာနှစ်သောင်းရှိလျှင် တစ်သောင်းတန်ကား တင်သွင်းနိုင်ကြောင်း ၊ အများဆုံးဒေါ်လာငါးသောင်းရှိလျှင် ဒေါ်လာနှစ်သောင်းခွဲတန်ကား တင်သွင်းနိုင်ကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်ခဲ့သော်လည်း ကားတင်သွင်းခွင့် စာရင်းတွင်မူ ဒေါ်လာသိန်းကျော်တန်မှ တစ်သန်းနီးပါးတန် ကားသစ်များကိုပါ စာရင်းတွင် ထည့်သွင်းထားကြောင်း သင်္ဘောသားများကဆိုသည်။
''အခုထုတ်ပြန်တဲ့ ကား CIF စာရင်းက သင်္ဘောသားကားသွင်းခွင့်အတွက် သက်သက် လုပ်ပေးထားတဲ့ စာရင်းမဟုတ်ဘူး ။ ဟိုတယ်လုပ်ငန်းရှင်တွေ ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက်ပါ တစ်ခါတည်း ထုတ်ပြန်လိုက်တဲ့ စာရင်းမျိုး။ ဒီဈေးနှုန်းတွေနဲ့ ဘယ်သင်္ဘောသားမှ ကားမသွင်းနိုင်ဘူး'' ဟုအသက် ၃ဝ ကျော်သင်္ဘောသားတစ်ဦးက ရှင်းပြသည်။
ကားသစ်များ၏ CIF တန်ဖိုးစာရင်းသိရှိပြီးဖြစ်သော်လည်း လုပ်ထုံးလုပ်နည်း ရှင်းလင်းမှုမရှိကြောင်း၊ လက်ရှိအနေအထားတွင်မူ သင်္ဘောသားအများစု ကားသွင်းရန် လုပ်ထုံးလုပ်နည်း ရှင်းလင်းမှု မရှိသေးသည့်အပြင် သက်ဆိုင်ရာက တာဝန်ခံဖြေကြားမှုလည်းမရှိကြောင်း သင်္ဘောသားများက ပြောဆိုကြသည်။
''အခု ကားသွင်းခွင့်ပေးမယ်ဆိုလို့သင်္ဘောသားတွေအများစုက ဘဏ်ထဲကို ဒေါ်လာ တစ်သောင်းလောက် ထည့်ပြီး ကားသွင်းဖို့လျှောက်တယ်။ ဘဏ်ထဲမှာ တစ်သောင်းပဲရှိတဲ့အတွက်တင်သွင်းနိုင်တဲ့ကားက ဒေါ်လာ ၅ဝဝဝတန် ကားပဲ သွင်းလို့ရမယ်။ ထုတ်ပြန်ထားတဲ့ စာရင်းမှာ ဒေါ်လာ ၅ဝဝဝတန်ကားတောင်မပါဘူး။ အဲဒီတော့ဒေါ်လာတစ်သောင်းပဲ ဘဏ်ထဲမှာ သွင်းထားတဲ့သူက ဘယ်ကားအမျိုးအစားကို သွားသွင်းမလဲ ။ ဒေါ်လာတစ်သောင်း ဘဏ်ထဲမှာရှိတဲ့ သူကတစ်သောင်းတန်ကားအထိ ပေးသွင်းမယ်လို့လည်း သတင်းတွေ ထွက်တယ်။ သက်ဆိုင်ရာဝန်ကြီးဌာန တွေမေးတော့လည်း မသိပါဘူးဆိုတဲ့ အဖြေတွေချည်းပဲ'' ဟု ဝါရင့်သင်္ဘောသားတစ်ဦးကပြောသည်။
လက်ရှိအနေအထားတွင်သင်္ဘောသားသုံးရာနီးပါး ကားသွင်းခွင့်ပါမစ်လျှောက်ရန် ထောက်ခံချက်စလစ်များ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရရှိထားကြသော်လည်း မည်သူမျှ လက်တွေ့ကျကျ ပါမစ်မလျှောက်နိုင်ကြသေးကြောင်း သင်္ဘောသားများထံမှ စုံစမ်းသိရှိရသည်။
သင်္ဘောသားအများစုကမူ ၁၉၉၅ခုနှစ်မှ ၂ဝဝ၆ ခုနှစ် မော်ဒယ်လ်အကြားတန်ဖိုးနည်းကားများ တင်သွင်းရန်စိတ်အားထက်သန်ကြကြောင်း၊ လက်ရှိထုတ်ပြန်ထားသော ဈေးနှုန်းများနှင့် သတ်မှတ်မော်ဒယ်လ်များအရ သင်္ဘောသားများအတွက် ကားတင်သွင်းခွင့်အိပ်မက် ပျက်သုဉ်းသွားပြီဖြစ်ကြောင်း သင်္ဘောသားများကဆိုသည်။
သင်္ဘောသားများတင်သွင်းခွင့်ရသည့် ကားသစ်စာရင်းတွင် စုစုပေါင်းကားအမျိုးအစား ၁၅၆ မျိုးပါဝင်ပြီး ဆလွန်း၊ ဝက်ဂွန်၊ ပစ်ကပ်၊ Hatchback ဗင် အမျိုးအစားများအားလုံးတင်သွင်း ခွင့်ပြုကြောင်း၊
အနိမ့်ဆုံးကားမှာ ၂ဝဝ၇ ခုနှစ်မော်ဒယ် Toyota Probox Van ဖြစ်ပြီးယင်းကား၏ ဆိပ်ကမ်း အရောက် CIF တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၂ဝဝ ဖြစ်ကြောင်း သင်္ဘော သားများထံမှစုံစမ်းသိရှိရသည်။
''သွင်းခွင့်ပေးတဲ့ ကားအမျိုး အစားအားလုံး တော်တော်လည်းစုံတယ် ။ BMW ၊ မာစီဒီး၊ တိုယိုတာ Mark X ၊ တိုယိုတာ Lexus, Toyota Alphabat , Nissan အများကြီးပဲ။ ပါမစ်လျှောက်ပြီး သင်္ဘောသားတွေ တင်သွင်းကြတဲ့ ကားက ၂ဝဝ၇ မော်ဒယ်လ် Toyota Mark X လို့ထင်တယ်။ အဲဒီကားရဲ့ ဆိပ်ကမ်းအရောက် CIF တန်ဖိုးက ဒေါ်လာ ၁၅ဝဝဝ ရှိတယ်'' ဟု သင်္ဘောသားတစ်ဦးကဆိုသည်။
ထို့ပြင် ၁၃၅ဝ CC အောက်ယာဉ်များအား မော်ဒယ်လ် ၂ဝဝ၇ မှ ၂ဝ၁ဝ အထိ CIF တန်ဖိုး အမေရိကန်ဒေါ်လာ ၅ဝဝဝ ဖြင့် လျှောက်ထားနိုင်ကြောင်း၊ ၂ဝ၁၁/၂ဝ၁၂ မော်ဒယ်လ်ဖြင့် လျှောက် ထားမည်ဆိုပါက ပေါက်ဈေးအတိုင်း လျှောက်ထားရမည်ဟု သင်္ဘောသားများ ထံမှ သိရှိရသည်။ သင်္ဘောသားကား တင်သွင်းခွင့်နှင့် ပတ်သက်ပြီး မော်တော်ယာဉ်တင်သွင်းမှုကြီးကြပ်ရေး ကော်မတီထံ ဇန်နဝါရီလ ၁ဝ ရက် နေ့တွင် ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ခံဖြေဆို မည့်သူမရှိပေ။
တရားဝင်အခွန်ဆောင်ပြီး ဘဏ်စာရင်းသတ်မှတ်ငွေပမာဏရှိသောသင်္ဘောသားများ၊ ပြည်ပရောက် မြန်မာအလုပ်သမားများ၊ လုပ်ငန်းရှင်များအပါအဝင် စီးပွားရေးအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများကို ကားသစ် စုစုပေါင်း ၁၉,ဝဝဝ ကျော်တင်သွင်းခွင့် ပြုမည်ဟု အစိုးရက တရားဝင် သတင်းထုတ်ပြန် ထားသည် ။
သာလွန်ဇောင်းထက်
Sources:
- The Voice Weekly (8/5)
-
Sunday, January 15, 2012
သင်္ဘောသားအများစု ကားသွင်းရန် အလွန်ခက်ခဲဟုဆို
Labels:
မျှဝေခြင်း,
ပြည်တွင်းသတင်း,
သတင်းဖတ်စာ,
ဥပဒေနှင့်စည်းကမ်း,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment