ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့သစ်တစ်ခုဖြစ်သော လှိုင်သာယာမြို့တွင် စာကြည့်တိုက်၊ ပညာဒါန၊ ဘာသာသာသနာ၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးတို့အပြင်၊ ပရဟိတနှင့် ဒေသတွင်းနေထိုင်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ သက်ကြီးရွယ်အိုများအားစောင့်ရှောက်ရေးနှင့် ကလေးသူငယ်များ၏ ယဉ်ကျေးလိမ္မာ ထူးချွန်စေရေးတို့အတွက် ဘက်ပေါင်းစုံမှ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသော ပန်းပျိုးလက် စာပေ(ပညာဒါန)မှ လူငယ်များသည် ကိုရီးယားနိုင်ငံရှိ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၏ ဖိတ်ကြားမှု ဖြင့် ကိုရီးယားနိုင်ငံ၏ လူမှုရေးလုပ်ငန်းများကို လေ့လာရန် ရောက်ရှိနေကြပါသည်။
ထိုသို့ ကိုရီးယားသို့ ရောက်ရှိလာသည့် ရက်တိုလေ့လာရေးခရီးစဉ်အတွင်း၌ပင် ကိုရီးယားရောက် မြန်မာနိုင်ငံသား အစ်ကို၊ အစ်မများနှင့် ရင်းနှီးစွာ တွေ့ဆုံလိုသဖြင့် ပန်းပျိုးလက်စာပေ(ပညာဒါန)မှ လူငယ် ဆရာ၊ဆရာမ များနှင့် ကိုရီးယားရှိ ပရဟိတလူမှုလုပ်ငန်းများကို စိတ်ဝင်စားသည့် ညီအစ်ကိုမောင်နှမများ၏ တွေ့ဆုံပွဲကို အောက်ပါ အတိုင်း ကျင်းပမည်ဖြစ်ပါသည် -
နေ့ရက်။ ။ ၈ရက် ၁လ ၂၀၁၂ ခုနှစ် (တနင်္ဂနွေနေ့)
အချိန် ။ ။ နေ့လည် ၁နာရီ
နေရာ ။ ။ မြန်မာစင်တာ ဖွင့်လှစ်မည့်အဆောက်အဦ၊ ၃ထပ်
လမ်းညွှန် ။
ဓါတ်ရထား လိုင်း (၁) (ဆောအူးလ်-အင်ချောန်းလိုင်း) ဘူဖြောင်းဘူတာ တောင်ဘက် (နမ်ဘူ) ထွက်ပေါက်အမှတ် (၁) မှထွက်၍၊ ရှေ့တည့်တည့်လျှောက်ပါ၊ လမ်းမကြီးရောက်လျှင် လမ်းမကူးဘဲ ဘယ်ဘက်သို့ ၂မိနစ်ခန့်လျှောက်ပါ။ လမ်းတွင် လမ်းညွှန်စာရွက်များ ကပ်ထားပါမည်။ (မြေပုံကြမ်း ဒီမှာ)
လေးစားမှုဖြင့်-
တွေ့ဆုံပွဲ ဖြစ်မြောက်ရေးကော်မတီ
Saturday, January 7, 2012
ပန်းပျိုးလက်လူငယ်များနှင့် ကိုရီးယားရောက် ညီအစ်ကိုမောင်နှမများတွေ့ဆုံပွဲ ဖိတ်ကြားလွှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment