Tuesday, March 13, 2012

နွေဦးမှာ တောင်တက်ကြမယ်

လာမယ့် တနင်္ဂနွေနေ့ (၁၈.၃.၂၀၁၂) မှာ မြန်မာတောင်တက်ကလာပ်ရဲ့ မတ်လ ခရီးစဉ် အဖြစ် 수암봉 သို့ သွားကြပါမယ်။

အန်ဆန်း၊ အန်ယန်း၊ ဂွန်းဖိုမြို့များနဲ့ ဆက်စပ်နေတဲ့ 수리산/수암봉 တောင် ဖြစ်ပါတယ်။ အမြင့်ဆုံးနေရာ 태을봉 က မီတာ ၄၈၉ ဖြစ်ပြီး၊ လမ်းကြောင်းပြေတဲ့ နောက်တနေရာ 수암봉 က မီတာ ၃၉၈ ဖြစ်ပါတယ်။ ဒီခရီးမှာတော့ 수암봉 ကို တက်ကြရင်း သူနဲ့ တဆက်တည်း ရှိနေတဲ့ 수리산 ရဲ့ သဘာဝအလှကို ခံစားကြတာပေါ့။ တောင်တက်ခရီး အစအဆုံး နှစ်နာရီခွဲလောက် ရှိမယ် ခန့်မှန်းထားပါတယ်။


တနင်္ဂနွေနေ့မှာ ခန့်မှန်းရာသီဥတု အခြေအနေက အပူချိန် 5/11 စင်တီဂရိတ်၊ လေတိုက်နှုန်း 3.5 SW (m/s)၊ နေသာ၊ တိမ် အသင့်အတင့်။

လိုက်ပါမည့် သူများ 안산 ဘူတာ ထွက်ပေါက် ၁ သို့ နံနက် ၉း၁၅ အရောက် လာကြရန် ဖြစ်ပါတယ်။ 안산역 မှ အမှတ် ၃၂၀ ကားစီးပြီး 수암파출소 တောင်ခြေ ခရီးအစသို့ ဆက်လက် သွားကြပါမယ်။

အခြား သိလိုတာရှိပါက 010 4034 5712 သို့ ဆက်သွယ်ပါ။

No comments: