Sunday, July 8, 2012

ဗီဒီယို လက်တွေ့ ရိုက်ကူး တည်းဖြတ် နှင့် လူထုသတင်းပညာသင်တန်းဖွင့်မည်

Jyly 8, Seoul

ကိုရီးယားရွှေ့ပြောင်းသူများအသံလွင့်ဌာန (Migrant World TV: MWTV) က ကြီးမှူး ပြီး ရွှေ့ပြောင်းသူများ အတွက် ဗီဒီယို ရိုက်ကူးတည်းဖြတ် နှင့် လူထုသတင်းပညာ(Citizen Journalism)သင်တန်းကို ရက်သတ္တပတ် ၁၄ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း နှင့် ၊ သင်တန်းအား အင်ချောန်းတက္ကသိုလ်မှ သတင်းပညာပါမောက္ခ ဒေါက်တာ ဟန်ဆုနှင့် မိတ်ဆွေများက ပို့ချမည်ဖြစ်ကြောင်း သိရသည် ။

သင်တန်းကြေးအဖြစ် သင်တန်းသားတစ်ဦးလျင် ဝမ် ၃ သောင်း ကောက်ခံမည်ဖြစ်ကြောင်း ၊ နေ့လည်စာအတွက် ကောက်ခံခြင်းဖြစ်ကြောင်း နှင့် သင်တန်းအစီအစဉ် မှာအောက်ပါအတိုင်းအတိုင်း ဖြစ်ကြောင်း သိရသည် -

သင်တန်းကာလ -

- ၂၀၁၂-သြဂုတ်- ၁၂ (တနင်္ဂနွေ) မှ ၂၀၁၂ နိုဝင်္ဘာ ၁၈ နေ့ထိ ၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း

သင်တန်းချိန် -

- နံနက် ၁၀ နာရီ ၃၀ မှ ၁၆ နာရီ

သင်တန်းနေရာ -

- MWTV Training Center

လမ်းညွှန် -

- အမှတ် ၃ (လိမ္မော်) နှင့် ၄ (ပြာနု) မြေအောက်ရထားလိုင်း လမ်းဆုံ (Chungmuro) ဘူတာ ထွက်ပေါက်(၁) အနီး၊ လမ်းညွှန်အခက်အခဲရှိပါက (၀၁၀-၅၄၇၂-၂၈၂၆)ထံဆက်သွယ်နိုင်ပါသည် ။

ဆက်သွယ်ရန် -

- ၀၁၀-၈၉၀၆-၇၆၆၄ ။ ၀၁၀-၆၃၃၉-၁၄၁၃ ။ ၀၂-၇၇၆-၀၄၁၆

No comments: