Tuesday, July 3, 2012

တောင်ကိုရီးယား အစိုးရရုံးစိုက်ရာ ဆယ်ဂျုံ(Sejong)မြို့သစ်ဖွင့်လှစ်

ဇူလိုင် ၂ ၊ ဆော်အူးလ်

တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်မှာ လူနေထူထပ်မှု လျော့နည်းသွားစေမယ်၊ ပိုပြီး မျှမျှတတ ဖွံ့ဖြိုး တိုးတက်စေမယ်ဆိုတဲ့ အစိုးရရဲ့ မျှော်လင့်ချက်နဲ့ အစိုးရရုံးစိုက်ရာ မြို့သစ်ဆယ်ဂျုံ(Sejong) မြို့ တရားဝင်ဖွင့်ပွဲ အခမ်းအနားကို တနင်္လာနေ့ကပြုလုပ်ခဲ့ပါတယ် ။



[The first housing district of Sejong City is seen behind a bridge. ( Yonhap News)]
အခမ်းအနားသို့ ဝန်ကြီးချုပ် ကင်ဟွာန်ရှစ် (Kim Hwang-sik) တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါတယ် ။ သည်နှစ်မကုန်ခင် မြို့တော်သစ်မှာ ဝန်ကြီးချုပ်ရဲ့လုပ်ငန်းတွေ စတင်မယ်လို့ဆိုပါတယ် ။


၂၀၁၄ခုနှစ်မတိုင်မှီ ၊ ဝန်ကြီးချုပ်ရုံးအပါအဝင် ဝန်ကြီးဌာန ၉ ခုမှ အေဂျင်စီ (Agency) ၃၆ ခုတို့ မှ အစိုးရဝန်ထမ်း ၁၀,၀၀၀ လောက် ကို Sejong ကို ပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ်။ သမ္မတရုံး ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ အစိုးရအေဂျင်စီ ၁၀ခုနှင့် ပြည်သူ့လွတ်တော်ရုံးတို့ကတော့ ဆိုးလ်မြို့တော်မှာ ဆက်လက်တည်ရှိနေမှာ ဖြစ်ကြောင်းလည်းသိရပါတယ် ။



[ဆယ်ဂျုံမြို့တော်သစ်တည်နေရာ]
ဆယ်ဂျုံမြို့တော်သစ်ဟာ ၊ တောင် ချွန့်ချောင်းပြည်နယ် ( South Chungcheong Provinces) ရဲ့ မြောက်ဖက်ပိုင်း ၊ Seoule မြို့တော်ရဲ့ တောင်ဘက် ၁၂၀ ကီလိုမီတာ ၊ ဒေဂျွန်မြို့မြို့မှ ၁၀ ကီလိုမီတာအကွာမှာရှိပါတယ် ။ ၄၆၅ စတုရန်းမီတာ (၁၈၆ စတုရန်းမိုင်)ကျယ်ဝန်းပြီး ၊ ၁၉ဒသမ၄ ဘီလီယန်ဒေါ်လာ အကုန်အကျခံပြိး တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ် ။



ဒီမြို့တော်သစ် စီမံချက်ကို ၂၀၀၂ ခုနှစ်မှာ တောင်ကိုရီးယား သမ္မတဟောင်း နိုမူဟွန်းက အဆိုပြုခဲ့တာဖြစ်ပါတယ် ။ Sejong ကို မြို့တော်သစ် အဖြစ် သတ်မှတ်ချင်ပေမယ့် ၂၀၀၄ ခုနှစ်က ဒီအစီအစဉ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကနေ ပယ်ချခဲ့ပါတယ် ။


အခုသမ္မတ အီမြောင်ဘတ်ခ်ကတော့ နိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ အဓိကကျတဲ့မြို့အဖြစ်သတ်မှတ်ပြီး ၂၀၀၈ခုနှစ်မှာ စီမံကိန်းကို အောင်အောင်မြင်မြင် လျှော့ချ အကောင်အထည်ဖော်ခဲ့ တာဖြစ်ပါတယ်။


Sejong မြို့မှာ လောလောဆယ် လူဦးရေ ၁၂၀,၀၀၀ ရှိပြီး ၂၀၁၅မှာ ၁၅၀၀၀၀ ၊ ၂၀၂၀ မှာ ၃၀၀,၀၀၀ နှင့် ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြီးစီးမဲ့ ၂၀၃၀ ခုနှစ် ရောက်ရင်တော့ လူဦးရေ ၅ သိန်းအထိ များလာ မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။


တောင်ကိုရီးယားနိုင်ငံရဲ့ လူဦးရေ စုစုပေါင်း ၄၉ သန်းမှာ ၁၀ သန်းက Seoul မြို့တော်မှာ နေထိုင်နေကြ တာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ လူဦးရေရဲ့ ၂ ရာခိုင်ဟာ နိုင်ငံခြားသားများဖြစ်တယ်လို့ဆိုပါတယ် ။



No comments: