မြန်မာစစ်လျှင် ဘာသာချစ်သည် ...ဟူသော ဆိုရိုးစကားအရ ကိုရီးယားနိုင်ငံ ချုဆော့ဂ်ပိတ်ရက်အတွင်း အမျိုးဘာသာ သာသနာကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြကုန်သော ရွှေနိုင်ငံဖွား မြန်မာမိသားစု ညီအကိုများ စုပေါင်း၍ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးဝယ် စုပေါင်းဒုလ္လဘရဟန်းခံပွဲနှင့်အတူ အထူးအလှူဒါန ပွဲကြီးများကို ဖော်ပြပါ အစီအစဉ်တိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ဥာတိသမာဂမ = မိတ်ဟောင်း မိတ်သစ်များနှင့် တွေ့ဆုံရင်း အတူတကွ ကုသိုလ်ယူနိုင်ပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်ခင်ဗျား.....
အစီအစဉ် -
( က ) စုပေါင်းဒုလ္လဘရဟန်းခံပွဲ - ၂၉ . ၉ .၂၀၁၂ ၊ စနေနေ့ နံနက် ၉း၀၀ နာရီ ဒုလ္လဘရဟန်းခံပွဲကျင်းပပါမည် ။ ဒုလ္လဘရဟန်းဝတ်လိုသူများကို ကျောင်းတော်ကြီးမှ ပစ္စည်းလေးပါးတာဝန်ယူ လှူဒါန်းပါမည် ။ ( ကြိုတင်စားရင်းပေးသွင်းနိုင်ပါသည် )
( ခ ) ဧည့်ခံကျွေးမွေးမည့်အစီအစဉ် -
၂၉ . ၉ .၂၀၁၂ ၊ စနေနေ့ အလှူရှင် = ချိုချီဝမ်အဖြူရောင်လူငယ်များအဖွဲ့
နံနက်အရုဏ် - မုန့်ဟင်းခါး ။ နေ့လည် - မြန်မာထမင်းဟင်းလျှာများ ။
၃၀ . ၉ .၂၀၁၂ ၊ တနင်္ဂနွေနေ့ အလှူရှင် = ဆရာသောင်းနှင့် သူငယ်ချင်းများ
နံနက်အရုဏ်- မုန့်ဟင်းခါး ။ နေ့လည်- ဒံပေါက်ထမင်း ဟင်းလျှာများ ။
၁.၁၀.၂၀၁၂ ၊ တနင်္လာနေ့ အလှူရှင် = မြင်းခြံညီအကိုများနှင့်သူငယ်ချင်းများ
နံနက်အရုဏ်- နန်းကြီးသုပ် ။ နေ့လည်- မြန်မာထမင်းဟင်းလျှာများ ။
၂. ၁၀. ၂၀၁၂ ၊ အင်္ဂါနေ့ အလှူရှင် = ရခိုင်လူငယ်များအဖွဲ့
နံနက်အရုဏ် နှင့် နေ့လည် - ရခိုင်မြန်မာရိုးရာ ထမင်းဟင်းလျှာများ ။
၃. ၁၀. ၂၀၁၂ ၊ ဗုဒ္ဓဟူးနေ့ ( အလှူရှင် လိုအပ်နေပါသည် )
( ဂ ) နေ့စဉ် ရေစက်ချတရားပွဲအစီစဉ်-
နေ့လည် ၁း၃၀ နာရီ
အရသာရှိစွာ ချက်ပြုတ်စီမံထားသော ထမင်းဟင်းလျှာများကို သုံးဆောင်ရင်း အတူတကွ တရားနာယူ ကုသိုလ်ယူနိုင်ပါရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်ခင်ဗျား ။
မှတ်ချက်။ ။ ကလေးမြို့ လူငယ်များအဖွဲ့ အလှူရက်ကို ထပ်မံ၍ ဖော်ပြပေးပါမည် ။
*** ဘယ်နေရာရောက်ရောက် အရောင်သွေး မပြောင်းအောင်၊ အရည်သွေး မကျအောင် ထိန်းထားရမည်။
( သီတဂူဆရာတော်ကြီး )

No comments:
Post a Comment