Monday, September 17, 2012

ရွှေခြံသားများ၏ ချူးဆော့ပိတ်ရက်အလှူ



ရေးသားသူ — သန္တိကရဝိဟာရ

စက်တင်ဘာ ၂၉ ရက် (စနေ)နေ့ မှစ၍ ရွှေညီအစ်ကိုများ ချူးဆော့ရက်ရှည် အလုပ်ပိတ်ရက် စတင်ပါလိမ့်မယ်။ အားလပ်ရက် စလျှင်စချင်း (၃ဝ)ရက် တနင်္ဂနွေနေ့ တွင်ကိုရီးယားရောက် မြင်းခြံမြို့မှ ညီအစ်ကိုများစုပေါင်းကာ သံဃာတော်တို အား ဆွမ်းကပ်လှူပြီး ကြွရောက်လာကြမည့် ရွှေညီအစ်ကို များအား စားကောင်း သောက်ဖွယ်များဖြင့် ဧည့်ခံ ကျွေးမွေးအလှူကို စည်းကားသိုက်မြိုက်စွာ ပြုလုပ်မည် ဖြစ်ပါသည်။

ချူးဆော့ အားလပ်ရက်မှာ သူငယ်ချင်းများနှင့် တွေ့ဆုံပြီး အိမ်အလွမ်းပြေ မြန်မာထ္မင်းဟင်းကို သုံးဆောင်ဘို့ အန်ဆန်းမြို့ကို လာရောက်လည်ပတ်ဘို့  အားလုံးကို ဖိတ်ခေါ်ပါသည်။

မြင်းခြံမြို့မှ ညီအစ်ကိုများသည် ဒီနှစ်တွင် ထူးကဲစွာ ပြုလုပ်လိုသည်မှာ အန်ဆန်းမြို့၊ သန္တိကရဝိဟာရ၌ သာမကဘဲ၊ ဗူဖျောင်းမြို့ မြန်မာဗုဒ္ဓသာသနာပြုကျောင်း ၌လည်း နောက်ရက် တနင်္လာနေ့ တွင် ဆွမ်းကပ်အလှူကို ထပ်မံပြုလုပ်အုံးမှာ ဖြစ်ပါသည် ဆိုတာကို သတင်းကောင်း ပါးအပ်ပါသည်။

နေ့ရက် -၃ဝ-၉-၂ဝ၁၂ (တနင်္ဂနွေနေ့ )
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်း

နေ့ ရက် ၁-၁ဝ-၂ဝ၁၂ (တနင်္လာနေ့ )
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်း၊ ဗူဖျောင်း
စားသောက်ဖွယ်- မြန်မာ့ရိုးရာ ထ္မင်းဟင်း

ဆက်သွယ်ရန် - ကိုဖိုးထောင် (ဝ၁ဝ-၅၅၉၅-၆၆၄၉)                    
                     ကိုမျိုးမင်းဦး(ခ)ကိုမျိုး (ဝ၁ဝ-၈၇၂၉-၁၈၇၂)                    
                    ကိုခင်ဇော်ဦး(ခ)လူမင်း (ဝ၁ဝ-၄၉၉၆-၆၇၉ဝ)
                    ကိုအုန်းသီး (ဝ၁ဝ-၅၆၉၅-၆၆၉၉)

No comments: