Wednesday, October 3, 2012

ကျေးဇူးတင်လွှာ


ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)


 
၂ဝ၁၂ခုနှစ် စက်တင်ဘာလ (၃ဝ)ရက်နေ့က မြန်မာအသင်း(ကိုရီးယား)မှ ကြီးမှူးပြီး ဘူချွှန်းမြို့ ဆော့ဂွမ်ဆာ ဘုန်းတော်ကြီးကျောင်းတိုက် အတွင်းတွင် ကျင်းပခဲ့သော (၁၄)ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပါဝင်ကူညီအားဖြည့်ပေးကြသော အောက်ပါ ပုဂ္ဂိုလ်များအား မြန်မာအသင်း(ကိုရီးယား)မှ အထူးကျေးဇူးတင်ရှိပါသည်။ .........

နံနက်ပိုင်း တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ရှေ့တွင် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပေးသော မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်မှ ဆရာတော် ဦးသုမင်္ဂလ(ဝေါဆရာတော်)နှင့် ပံ့ပိုးကူညီပေးသော ကိုထွန်းထွန်းလင်းနှင့် မိတ်ဆွေများ ........

ဘုရားပွဲတော် ကျင်းပရာတွင် ဘုရားပင့်ဆောင်မှု အစီအစဉ်အား ဦးဆောင် ဆောင်ရွက်ပေးသော ကိုကောင်းဆက်နှင့် သူငယ်ချင်းများ၊ အဖြူရောင်မေတ္တာလူငယ်များ .......

ဘုရားပွဲတော် အစီအစဉ်တွင် ဂုဏ်ပြုစကားပြောကြားပေးသော ဆော့ဂွမ်ဆာကျောင်းတိုက်မှ ဘုန်းတော်ကြီး လင်ယောင်တန် ၊ ဘူချွှန်းအလုပ်သမားရိပ်သာ ဥက္ကဋ္ဌ ........

အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်ပေးကြသော  မမိုမိုချိုဝင်းနှင့် မသက်စံနှင်း.......

မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပေးသော  ကိုမင်းဟန်နှင့် သူငယ်ချင်းများ.........
မှတ်တမ်းရုပ်သံ ရိုက်ကူးပေးသော  ကိုအောင်စစ်နိုင်နှင့် ညီအကိုများ.......

ဧည့်ပရိတ်သတ်များအား စတုဒီသာ ကျွေးမွေးဧည့်ခံခဲ့ကြသော .........
(၁)  ဓမ္မဒူတ(ကိုရီးယား) (၂)  မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်(ကိုရီးယား) (၃)  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ကိုရီးယား) (၄)  မြန်မာ့အရေးလှုပ်ရှားမှု(ကိုရီးယား) (၅) မြန်မာစင်တာ (၆) ဂွမ်ဂျုးလူမှုရေး အသင်း (၇) အန်ဆန်းရှီဟွာ လူငယ်များ  (၈) ရခိုင်အသင်း(ကိုရီးယား)  (၉) မွန်အသင်း(ကိုရီးယား)  (၁ဝ) ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယား) (၁၁) အဖြူရောင်မေတ္တာလူငယ်များ (၁၂) မိုးကြိုးလူငယ်များ (၁၃) ကိုဝင်းကိုနှင့် သူငယ်ချင်းများ (၁၄) Global Top

ဖျော်ဖြေရေး အစီအစဉ်များတွင် ပါဝင်ကူညီပေးခဲ့ကြသည့်......

မြန်မာသံတေးဂီတနှင့် အက ဖျော်ဖြေခဲ့သော ညီအကို မောင်နှမများ
မျိုးချစ်မောင် ဒိုးအဖွဲ့
The Mirrors Band
Rainbow Band
နှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော စေတနာရှင် ညီအကို မောင်နှမများ အားလုံးကို  အထူးကျေးဇူးတင်ရှိပါသည်။


အလုပ်အမှုဆောင်အဖွဲ့
မြန်မာအသင်း(ကိုရီးယား)

No comments: