Wednesday, October 3, 2012

ဆရာတော် ဥုးသုမင်္ဂလ (ဒယ်အိုးဆရာေ တာ်)၏ လူပီသရေးနှင့် လူဖြစ်ကျိုးနပ်ရေး တရားတော်

ရေးသားသူ — ကိုရန်နိုင်ထွန်း(ပြန်ကြားရေး) 

 ဆရာတော်ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)နှင့် ဆရာတော် သံဃာတော်များအား ကိုရီးယားနိုင်ငံ သာသနာပြု ဓမ္မခရီးစဉ် ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ အာရုဏ်ဆွမ်း(ကြာဇံကြော်) ၊နေ့ ဆွမ်းများ( မြန်မာထမင်းဟင်း)ဆက်ကပ်တော်မူခြင်း အခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ ဖူပြောင်းမြို့ရှိ  မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်(ကိုရီးယား)၌ ယနေ့ ၂၀၁၂ ခု၊ အောက်တိုဘာလ ၃ရက်၊ ဗုဒ္ဓဟူးနေ့ တွင်ဆွမ်း၊ဘောဇင်၊ချိုချဉ် ရသာ စုံလင်စွာဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အာရုဏ်ဆွမ်းအဖြစ် ကြာဇံကြော် ၊ နေ့ ဆွမ်းအဖြစ် မြန်မာထမင်းဟင်း များနှင့်အတူ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ အားလည်း အာဟာရ ဒါနအဖြစ်လှူဒါန်းခဲ့ပါသည်၊ (ထိုအခမ်းအနားတွင် ဆရာတော် ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော် ဘုရားကြီး ဟောကြားတော်မှုသည့် (လူပီသရေးနှင့် လူဖြစ်ရကျိုး နပ်ရေး)တရားတော်ကို ဟောကြားတောမှုခဲ့ပါသည်။ အဆိုပါ တရားတော် ကို နားဆင်လိုပါ က အောက်ဖော်ပြပါ လင့် ကို ကလစ်နှိပ်၍ နာကြားတော်မှုနိုင်ကြပါသည်၊ နတ်လူ သာဓု ခေါ်စေသော်(၀်)။.........။
  http://soundcloud.com/burmakorea/07pex1coph6d?utm_source=soundcloud&utm_campaign=share&utm_medium=blogger&utm_content=http%3A%2F%2Fsoundcloud.com%2Fburmakorea%2F07pex1coph6d
 ကိုရီးယားနိုင်ငံ သာသနာပြုဓမ္မခရီးစဉ် ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် အကျိုးတော်ဆောင်များ
                                       အမှတ်တရဓါတ်ပုံ

No comments: