Saturday, October 13, 2012

ဆရာတော်ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်) ၏ တောင်ကိုရီးယားနိုင်ငံ သာသနာပြု ဓမ္မခရီးစဉ် အောင်မြင်မှု နှုတ်ဆက်ဦးခိုက် ဂါရ၀ပြုတရား အထူးအောင်ပွဲ

ရေးသားသူ — မင်းသူရိန်(စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ)


                     ဓမ္မမိတ်ဆွေ သူတော်စဉ်အပေါင်းတို့  ခင်ဗျား၊ တောင်ကိုရီးယား သမ္မတနိုင်ငံသို့  ပထမဦး
ဆုံးအကြိမ် သာသနာပြုဓမ္မခရီးစဉ် ကြွရောက်သာသနာပြုတော်မူသော ဆရာတော်ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) သည်၊ ကိုရီးယားသမ္မတနိုင်ငံတော် အတွင်း သာသနာပြု ရောက်ရှိတော်မူနေစဉ်အချိန်အတွင်း၊ဆိုးလ်မြို့ တော်     ၊ အင်ချွန်း မြို့ တော် (ဘူဖျောင်းမြို့ )၊ ဒုတိယမြို့ တော်(ဘူဆန်)၊ ဒယ်ဂူးမြို့ ၊များသို့ ကိုရီးယားနိုင်ငံနေရာဒေသအနှံ့ ၊ လှည့်လည်ကြွချီတော်မူပြီး  ၊နိဗ္ဗာန်ရောက်ကြောင်းတရားတော်များဟောကြားပြသတော်မူပြီး၊ ကိုရီးယားနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်  သူတော်စင်အပေါင်းတို့ အား တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူပြီး၊  ကုသိုလ်အကျိုးတရား တိုးပွားစေရန်၊ သာသနာပြုတော်မူခဲ့ပါသည်။
                     ယခုလာမည့် ၂၀၁၂ခုနှစ်၊အောက်တိုဘာလ (၁၄) ရက်နေ့ ၊တနင်္ဂနွေနေ့ တွင် ဆရာတော်
အား တောင်ကိုရီးယားနိုင်ငံနေ ဗုဒ္ဓဘာသာဝင်သူတော်စဉ်အပေါင်းတို့ မှ နှုတ်ဆက်ဦးခိုက်ဂါရ၀ပြု တရားအောင်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ကိုရီးယားနိုင်ငံ သာသနာပြုဓမ္မခရီးစဉ် ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီနှင့် ဘာသာ၊သာသနာ၊ ယဉ်ကျေးမှုမြင့်မားခိုင်မာသည့် ရခိုင်ညီအစ်ကိုများအဖွဲ့  တို့ ပူးပေါင်းပြီး ကောင်းမြတ်သော သမ္မာဆန္ဒမွန်ဖြင့် ဘုရားအမှူး ရှိတော်မူသော ဆရာတော် သံဃာတော် မထေရ်မြတ်တို့ အား အာရုဏ်ဆွမ်း မုန့် ဟင်းခါးနှင့် ချိုချဉ်ရသာစုံလင်စွာဖြင့် အချိုပွဲများ၊ ဆက်ကပ်လှူဒါန်း ပူဇော်မည်ဖြစ်ပါသည်။  နေ့ ဆွမ်းကို မြန်မာစင်တာအဖွဲ့ မှ မြန်မာထမင်းဟင်းမျိုးစုံနှင့် ချိုချဉ်ရသာစုံလင်စွာ တို့ ဖြင့်ဆက်ကပ် လှူဒါန်းပါမည်။  ဗုဒ္ဓဘာသာဝင် သူတော်စဉ်အပေါင်းတို့ အား အာဟာရဒါန   ကျွေးမွေးဧည့်ခံ လိုပါသဖြင့် အောက်ပါအစီစဉ်အတိုင်း၊ ကိုရီးယားနိုင်ငံ သာသနာပြုဓမ္မခရီးစဉ်    ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ လေးစားစွာဖိတ် ကြားအပ်ပါသည်။

နေရာ          ။         ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)
ဧည့်ခံဒါနပြုမှု ။         ။ ရိုးရာမုန့် ဟင်းခါး
 နေ့ ရက်       ။         ။ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက် ၊ တနင်္ဂနွေနေ့ ။
 အချိန်          ။        ။ နံနက် (၈း၀၀) နာရီ မှ၊ နေ့ လည် (၁း၀၀)နာရီအထိ။
တရားပွဲအချိန် ။        ။ နေ့ လည်(၁း၀၀) နာရီ 

(မှတ်ချက် ။         ။ ဆရာတော်ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်) သည် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ
                         (၁၅)ရက် ၊ညနေ (၆)နာရီတွင် ကိုရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာလေဆိပ်မှ
                         ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သို့ ပြန်လည် ကြွချီတော်မူမည်ဖြစ်ပါသည်။) 
 

No comments: