Tuesday, October 2, 2012

ဆရာတော် ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ဘုရားကြီး၏ လူမှုအဖွဲ့ စည်းစုံညီစွာဖြင့်အထူးတရား သဘင်ပွဲအောင်မြင်စွာကျင်းပပြီးစီး

ရေးသားသူ — ကိုရန်နိုင်ထွန်း(ပြန်ကြားရေး)                             

  မြန်မာအသင်း(ကိုရီးယား)
ဖူချွန်းမြို့ ။

၂၀၁၂ ၊အောက်တိုဘာလ ၁ရက် တနင်္လာနေ့

ရန်ကုန်တိုင်း မှော်ဘီမြို့ နယ် မင်္ဂလာတိုက် မိုးကုတ် ၀ိပဿနာ မင်္ဂလာရိပ်သာ ဗုဒ္ဓ သာသနာ့ အကျိုးတော်ဆောင်လုပ်ငန်း သုမင်္ဂလ ဖောင်ဒေးရှင်း၏ ဦးစီးပဓာန နာယက ဆရာတော် ဖြစ်တော်မူသော ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ဘုရားကြီး၏ ကိုရီးယား နိုင်ငံသို့ ရောက်ရှိစဉ် အချိန် ကာလအတွင်း ဗုဒ္ဓ သာသနာပြု ခရီးစဉ်များနှင့် ဓမ္မပူဇနိယ တရားပွဲအစီအစဉ်များအနက်တခုဖြစ်သော လူမှုအဖွဲ့ အစည်း စုံညီစွာဖြင့် ဓမ္မပူဇနိယ အထူးတရားသဘင်ပွဲကို မြန်မာအသင်း(ကိုရီးယား)၏ ပံ့ပိုးကူညီ စီစဉ်ဆောင်ရွက်မှုဖြင့် တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိန်းဝပ် စံပ္ပါယ်တော်မှုသည့်   ဆော့ဂွမ်ဆာဗုဒ္ဓဘုရားကျောင်း ဖူချွန်းမြို့ တွင် ယနေ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ရက် တနလာင်္နေ့  မွန်းတည့်(၁၂) နာရီတိတိအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်၊

 
                 အဆိုပါတရားပွဲသို့ တရားပွဲလာ မြန်မာ ပရိတ်သပ် ၃၀၀ ကျော်နီးပါး တရားနာကြွရောက်ခဲ့ကြပြီး

ဆရာတော်ဘုရားကြီးမှနေ၍ ဗုဒ္ဓဘာသာဝင်တိုင်း သတိမမှုမိသဖြင့် အမှတ်သညာ မသိဖြစ်နေသည့် သိသင့်သိ ထိုက်သည့် ဘာသာရေးဆိုင်ရာ  အခြေခံ တရားသဘောထားများနှင့် ရတနာ သုံးပါး ဖြစ်သည့် ဘုရား၊တရား၊ သံဃာ တို့၏ ဂုဏ်ကျေးဇူးတော်ကို မှန်မှန်ကန်ကန် သိရှိနားလည်စွာဖြင့်အမှန်တကယ် ယုံကြည်နိုင်စေရေး ကံ ဉာဏ်ဝိရိယအပေါ်မူတည်ပြီး ဖြစ်ပျက်နေသည့် အဆိုးအကောင်းအကျိုးအကြောင်းကို ပိုင်းခြား သိမြင်နိုင်စေမည့် တရားတော်ကို ရရှိသည့် တိုတောင်းလှသော တရားပွဲ အချိန် ၁နာရီ ၃၀ မိနစ် အတွင်း အခွံကိုခွာ အကာကို ပစ် အဓိက အနှစ်ကိုသာ အကျိုးရှိရှိ သိရှိ နားလည် သဘောပေါက်ရစေအောင် လိုရင်းနှင့် တိုရှင်းး ဟောကြားတော် မှုခဲ့ရာ တရားနာသူတော်စဉ်များအနေဖြင့်လည်း နှစ်ထောင်းအားရ ၀မ်းမြောက်ဝမ်းသာစွာဖြင့် အောင်မြင်စွာ တရားပွဲကို ကျင်းပနိုင်ခဲ့ပါသည်၊

           ထိုတရားပွဲမှ တရားနာ ပရိတ်သပ်အပေါင်းသူတော်ကောင်းတို့အနေဖြင့် မိမိတို့၏ မွန်မြတ်သန့်စင် လှသော ချွေးနည်းစာထဲမှနေ၍ မြန်မာ့ ဗုဒ္ဓဘာသာ သာသနာတော်အတွက် အကျိုးကိုဖြစ်ထွန်းစေမည်ဖြစ်သော ဆရာတော်ဘုရားကြီး၏ သာသနာပြု လုပ်ငန်းများတွင် အသုံးပြုစေရန် အတွက် စုစုပေါင်းလှူဒန်းငွေ ကိုရီးယား ၀မ်ငွေ သုံးဆယ့်ရှစ်သိန်းခြောက်သောင်းငါးထောင် ၀မ်တိတိကို ဆရာတော်အားလှူဒါန်းနိုင်ခဲ့ပါသည်၊၊
 
 
 
 ထို့အပြင် ဖူချွန်းမြို့ ဆော့ဂွမ်ဆာဗုဒ္ဓဘုရားကျောင်း ဦးစီးနာယက ပဓါန ဆရာတော် ကိုရီးယား ဘုန်းတော်ကြီး ဆရာတော်  လင်ယောင်တန်မှနေ၍လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် တနင်္ဂနွေနေ့ က ဆရာတော်နှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် ဆရာတော်အတွက် ကိုရီးယား ၀မ်ငွေ ငါးသိန်း ၀မ်တိတိကို န၀ကမ္မ လှူဒါန်းတော်မှုခဲ့ပြီး ဆရာတော်မှလည်း ဘုန်းတော်ကြီး လင်ယောင်တန်အား မြန်မာမှု အနုပညာ လက်ရာတခုဖြစ်သည့် ကျောက်စီ ဘုရားပုံတော် ပန်းချီကားတချပ်ကို အမှတ်တရ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ပါသည်၊၊

 ကို၇န်နိုင်ထွန်း(ပြန်ကြားေ၇း)

လွတ်မြောက်နယ်မြေ(ကို၇ီးယား)

No comments: