Tuesday, October 2, 2012

ဆရာတော်ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)နှင့် ဆရာတော် သံဃာတော်များအား ကိုရီးယားနိုင်ငံ သာသနာပြု ဓမ္မခရီးစဉ် ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ အာရုဏ်ဆွမ်း/နေ့ ဆွမ်းများ ဆက်ကပ်တော်မူခြင်း

ရေးသားသူ — မင်း သူ ရိန်(စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ)



                        တရားချစ်ခင်သူတော်စင်အပေါင်းတို့ ခင်ဗျား ၊ တောင်ကိုရီးယား သမ္မတနိုင်ငံသို့  ပထမဆုံးအကြိမ် သာသနာပြု ဓမ္မခရီးစဉ် ကြွရောက်တော် မူသော ဘဒ္ဒန္တ-ကမ္မဋ္ဌာနစရိယ ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်) နှင့် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ရှိ၊ ဆရာတော် သံဃာတော်များ
အားဆွမ်းခဲဘွယ်ဘောဇဉ်၊ လှူဖွယ်ဝတ္ထု အစုစုတို့ ကိုဆက်ကပ် လှူဒါန်းမည်ဖြစ်ပါသည်။ဆရာတော်သံဃာ
တော်များအား အာရုဏ်ဆွမ်း/ နေ့ ဆွမ်းများဆက်ကပ်ပြီး ၊ ကိုရီးယားနိုင်ငံအတွင်းရှိဗုဒ္ဓဘာသာဝင်အပေါင်း၊
နှင့်တိုင်းရင်းသားညီအစ်ကို အားလုံးတို့ အား အာဟာရဒါနပြုလုပ်လှူဒါန်းမည် ဖြစ်ပြီး၊ ဆရာတော် ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) မှ နိဗ္ဗာန်ရောက်ကြောင်းတရားချီးမြင့်မည်ဖြစ်ပါသောကြောင့် ကြွရောက်
ကုသိုလ်ပါဝင်ကြပါရန် ကိုရီးယားနိုင်ငံ သာသနာပြု ဓမ္မခရီးစဉ် ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ 
လေးစားစွာဖြင့် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

နေရာ ။        ။ မြန်မာဗုဒ္ဓ သာသနာပြု ကျောင်းတော်(ကိုရီးယား)

အဟာရဒါန။  ။ အာရုဏ်ဆွမ်း (ကြာဇံကြော် ) / နေ့ ဆွမ်း ( မြန်မာထမင်းဟင်း)

တရားပွဲအချိန်။    ။ နေ့ လည် (၁း၃၀)- ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ(၃)ရက်။

                       နိုင်ငံကျော်တရားဟော ဓမ္မကထိက ဘဒ္ဒန္တ-ကမ္မဋ္ဌာနစရိယ 
             ဆရာတော် ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)မှ တရားချီးမြင့်တော်မူပါမည်။ 

No comments: