Wednesday, October 3, 2012

ဘူဆန်မြို့တွင် ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၏ တရားပွဲ ကျင်းပမည်

ရေးသားသူ — ရွှေအလင်းတန်း



ရန်ကုန်တိုင်း ၊ မှော်ဘီမြို့ နယ် ၊ မင်္ဂလာတိုက်၊ မိုးကုတ် ၀ိပဿနာ မင်္ဂလာရိပ်သာ ဗုဒ္ဓသာသနာ့ အကျိုးတော်ဆောင်လုပ်ငန်း သုမင်္ဂလ ဖောင်ဒေးရှင်း၏ ဦးစီးပဓာန နာယက ဆရာတော် ဖြစ်တော်မူသော ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)သည် ကိုရီးယားနိုင်ငံသို့ သာသနာပြု ဓမ္မခရီးစဉ် အဖြစ် ကြွရောက်တော်မူသည့် အချိန်တွင် ကိုရီးယားနိုင်ငံ၏ ဒုတိယမြို့ တော် (ဖူဆန်မြို့ တော်) ပြည်တော်ဦး ဘုန်းတော်ကြီးကျောင်းအမှတ်(၂)တွင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားချီးမြှင့်မည်ဖြစ်ပါ၍ ဘူဆန်မြို့ ၊ ဂမ်မဲမြို့ အနီးအနားရှိ ဗုဒ္ဓဘာသာဝင်ရွှေမြန်မာများ နှင့် ရွှေအလင်းတန်းမြန်မာအသင်းသားများအားလုံး တရားတော်နာကြွရောက်ကြပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၁၃၇၄-ခုနှစ် ၊ တော်သလင်းလပြည့်ကျော် (၇) ရက် ၊ 7-10-2012 (တနင်္ဂနွေနေ့)

အချိန်....... နံနက် (၁၀း၀၀ - ၃း၀၀ ) နာရီ အထိ နယ်ဆန်းစက်မှုံဇုံ ( Super Sunday Friends ) ရွှေညီအစ်ကိုများမှကြွှရောက်လာသော ဧည့်သည်များအား မြန်မာထမင်းဟင်း ၊ လက်ဘက်ရည်များဖြင့် ဧည့်ခံကျွေးမွေးပါမည်။
                နံနက်  (၁၁း၀၀) နာရီ အချိန်တွင် ဘူဆန် ၊ ပြည်တော်ဦးဆရာတော် အရှင် ပဏ္ဍိစ္စ နှင့်  ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ တို့အား နယ်ဆန်းစက်မှုံဇုံ ( Super Sunday Friends ) ရွှေညီအစ်ကိုများမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။
                နေ့လည် (၁၂း၀၀) နာရီတိတိတွင်  ပြည်တော်ဦးဆရာတော်မှ ငါးပါးသီလ ချီးမြှင့်ပြီးနောက် ၊ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ မှ တရားဟောကြားမည်ဖြစ်ပါသည်။

နေရာ - 부산광역시 사상구 주례 1동동 688-12 , 31, 33, 61, 62, 138-1 ဘတ်စ်ကားများစီး၍ 주례 주례 1동주민센터 မှတ်တိုင်တွင် ဆင်းပါ။


(တရားပွဲအတွက် အလှူငွေများကို အောက်ပါပုဂ္ဂိုလ် များထံတွင် ဆက်သွယ်လှူဒါန်းနိုင်ပါသည် )
ဦးလှထွန်း -010-2537-3490
ကိုခိုင်-010-2712-0877
ကိုမျိုးဇော်ဦး - 010-2690-1707
ကိုဇော်မင်း -010-2349-2694
( 경 남 은 행 - knb bank code 039 - 676 21 0166 083 (myo zaw oo- 묘 짜 우 ) အကောင့်သို့ ပေးပို့ လှူဒါန်းနိုင်ကြပါသည်။

No comments: