ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသူ/သားများခင်ဗျာ….
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
သည် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လ(၃၀)ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံသို့ နိုင်ငံရေးခရီးစဉ် တစ်ခု
အဖြစ် ရောက်ရှိလာမည်ဖြစ်သည်။
ပြည်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်ပေးချက်အရ ဒေါ်အောင်ဆန်းစုကြည်၏
ကိုရီးယားနိုင်ငံတွင်း ခရီးစဉ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယား
ဌာနခွဲမှ တာဝန်ယူစီစဉ်လျက်ရှိနေပါသည်။ ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲမှ ဒေါ်အောင်ဆန်းစုကြည်
အား ကြိုဆိုရေးနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲကျင်းပနိုင်ရန်အတွက်
တက်ရောက်လာသော အဖွဲ့အစည်း(၂၆)ဖွဲ့တို့မှ ကိုယ်စားလှယ်များ၏ အကြံပြုချက်များနှင့်အတူ
လုပ်ငန်းကော်မတီများကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါသည်။
ထို့ကြောင့် ဆက်လက်ပြုလုပ်မည့် တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲသို့လည်း ကိုရီးယားနိုင်ငံ
ရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒသဘောထားများနှင့် အကြံပြုချက်များကို ရယူညှိနှိုင်းဆွေးနွေးလို
ပါသဖြင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း မပျက်မကွက် တက်ရောက်ပေးပါရန် လေးစားစွာဖြင့်
ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ရက်။ ။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်-တနင်္ဂနွေနေ့။
ကျင်းပမည့်အချိန် ။ ။ မွန်းလွဲ (၀၃း၀၀)နာရီမှ ညနေ(၀၆း၀၀)နာရီအထိ။
ကျင်းပမည့်နေရာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
ကိုရီးယားဌာနခွဲ ရုံးခန်းမဆောင်။
Type rest of the post here
Thursday, December 27, 2012
အမေစုနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲဖြစ်မြောက်ရေး တတိယအကြိမ် ဆွေးနွေးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment