Friday, December 28, 2012

စာအုပ် မိတ်ဆက် စတင် ရောင်းချမယ်

ထောင်စုပြတင်းစာအုပ်တိုက်က ထုတ်ဝေတဲ့ “ကိုရီးယား - ယိမ်းနွဲ့နေသော ရောင်စုံကြာ” စာအုပ် မိတ်ဆက်ပွဲနဲ့ စတင်ရောင်းချပွဲကို ကိုရီးယားနိုင်ငံအတွက် နှစ်ဆန်းတစ်ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ စတင်ရောင်းချပွဲမှာ ကိုယ်တိုင် လာရောက်ဝယ်ယူ အားပေးသူတွေကို အထူးဈေးအဖြစ် တစ်အုပ် ၀မ်တစ်သောင်း (၁၀၀၀၀) နှုန်းနဲ့ ရောင်းချပေးပါ့မယ်။ ပွဲချိန် အတွင်းသာ အထူးနှုန်းဖြစ်ပါတယ်။

ဒီစာအုပ်ကို ကိုရီးယားအခြေစိုက် မြန်မာအဖွဲ့အစည်းများသို့ အခမဲ့ ပေးမှာ ဖြစ်လို့ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူ တစ်ဦးကျစီ လာရောက်၍ လက်ခံယူကြဖို့ ဖိတ်ခေါ်ပါတယ်။ အဖွဲ့အစည်းများသို့ ဖိတ်စာ သီးခြား ပေးမထားပါ။ ပွဲသို့ တိုက်ရိုက် လာရောက်ကြပါ။(နယ်ဒေသမှ အဖွဲ့အစည်းများ ဖုန်း 010-4034-5712 သို့ ဆက်သွယ်ပါ။ စာတိုက်မှ ပို့ပေးပါ့မယ်။)

မိတ်ဆက်ပွဲ အစီအစဉ်
နေ့ရက် = ၂၀၁၃ ဇန်န၀ါရီ ၁ ရက်
နေရာ = ဘူဖျောင်းမြို့ မြန်မာစင်တာ
အချိန် = ညနေ ၄း၃၀ မှ ၅း၃၀

အချိန်မီ လာရောက် အားပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
ထောင်စုပြတင်း

ဆက်စပ် ဖတ်ရှုရန်

No comments: