Thursday, January 3, 2013

ဓမ္မယာန ပြည်တော်ဦး(ကင်မ်ဟဲ) ရွှေအလင်းတန်း စာကြည့်တိုက် နှင့် မဇ္ဈိမယာနရုံးခန်း နေရာသစ်ဖွင့်ပွဲ ဖိတ်ကြားလွှာ

ရေးသားသူ — မဇ္ဈိမယာန


ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ ပြည်တော်ဦး ဆရာတော်ကို အမှူးထား၍ ဘူဆန်၊ ကင်မ်ဟဲ၊ ဂျင်းယောင်းနှင့် ယန်ဆန်းမှ ရွှေမြန်မာညီအစ်ကိုများသည် အမျိုး၊ ဘာသာ၊ သာသနာနှင့် ကိုရီးယားရောက် ရွှေမြန်မာညီအကိုများ၏ ပညာရေး၊ လူမှုရေး ကိစ္စအရပ်ရပ်တို့ကို စုပေါင်းဆောင်ရွက်နိုင်ရန်နှင့် ရွှေမြန်မာများအားလုံးအတွက် မိဘအိမ်သဖွယ် မှီခိုအားထားရာ နေရာတစ်ခုအဖြစ် ဓမ္မယာန ပြည်တော်ဦး(ကင်မ်ဟဲ) ရွှေအလင်းတန်း စာကြည့်တိုက် နှင့် မဇ္ဈိမယာနရုံးခန်း နေရာသစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘူဆန်၊ ကင်မ်ဟဲ၊ ဂျင်းယောင်းနှင့် ယန်ဆန်း အနီးအနားမှ ရွှေမြန်မာညီအစ်ကိုများကို ဓမ္မယာန ပြည်တော်ဦး(ကင်မ်ဟဲ) ရွှေအလင်းတန်း စာကြည့်တိုက် နှင့် မဇ္ဈိမယာနရုံးခန်း နေရာသစ် ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ... ၁၃၇၄-ခုနှစ် ၊ နတ်တော်လပြည့်ကျော်(၉)ရက်
၆.၁.၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် ... နံနက် ၁၁း၀၀ နာရီ မှ ညနေ ၃း၀၀ အထိ
နေရာ... ကင်မ်ဟဲ ဂယောင်းနမ်း ဘူဝမ်းဒို အမှတ်(829-3)
(경남 김해시 부원동 832-3번지)

အကျွေးအမွေး ... ကိုရီးယား ဘုရားဒါယိကာမ ဆွန်း(င်)ဂျွန်း(င်)ဆု(က်) (송정숙 할머니) မှ မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးမှာ ဖြစ်ပါသည်။

No comments: