Saturday, February 2, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ချွန်းမြို့တော်ဝန်တို့ တွေ့ဆုံ၊

ရေးသားသူ — စိုးမိုးသူ 
 မြို့တော်ဝန်မှ ဒေါ်စုအား အာရှဂိမ်းတက်ရောက်ရန်ဖိတ်ကြား 



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ချွန်းမြို့တော်ဝန် ဆုန်ယောင်ဂီးလ်တို့ ဟာ ဖေဖော်ဝါရီ ၁ရက်နေ့ ဆိုးလ်မြို့ ကွယ်လွန်သူ သမ္မတဟောင်းနှင့် ဒီမိုကရေစီခေါင်းဆောင် ကင်မ်ဒဲဂျွန် အထိမ်းအမှတ် စျြာကည့်တိုက်မှာ တွေ့ဆုံခဲ့ကြပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုရီးယားခရီးစဉ် သတင်း ထွက်ပေါ် လာလာချင်း ဆုန်ဘက်မှ တွေ့ဆုံလိုကြောင်း  တောင်းဆိုခဲ့တာကြောင့် အခုလို တွေ့ဆုံနိုင်ကြခြင်း ဖြစ်ပါတယ်။
 အင်ချွန်းမြို့တော်ဝန် ဆုန်ဟာ တချိန်က ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ထိုမှတဆင့် လူ့အခွင့်အရေးရှေ့နေ၊ လွှတ်တော်အမတ်စတဲ့ ဘ၀များကိုဖြတ်သန်း ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်း အကျဉ်းချ ခံထားရခြင်းမှ လွတ်မြောက်ရေးကို တက်ကြွ စွာ ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ 
မိနစ်၂၀ကြာတွေ့ဆုံကြတဲ့ သူတို့နှစ်ဦးဟာ ကိုရီးယားဒေသတွင်း ပဋိပက္ခ၊ တောင်မြောက်ပြဿနာ၊ ဂျပန် စစ်တပ်ရဲ့ လိင်အဓမ္မသုံးချခံရသူ ကိုရီးယားအမျိုးသမီးများကိစ္စ၊ ၂၀၁၄အင်ချွန်း အာရှအားကစား ပွဲတော် အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 
ဆုန်က ကင်မ်ဒဲဂျွန်သမ္မတကြီးလည်း အခုလို အတူတွေ့ဆုံခွင့်ရရင် အရမ်းဝမ်းသာမှာပါလို့ ပြောဆိုကာ သမ္မတကြီးကင်မ်ဒဲဂျွန်ရဲ့ မြန်မာ့ဒီမိုကရေစီအတွက် ဆောင်ရွက်ခဲ့သည်များအား ပြန်ပြောင်းပြောပြခဲ့ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်မှလည်း သမ္မတကြီး ကင်မ်ဒဲဂျွန်ကို မတွေ့ရလို့ စိတ်မကောင်းဖြစ်ရကြောင်း ပြော
ဆိုကာ များစွာသော သူများရဲ့ အကူအညီကြောင့် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်နိုင်ခဲ့ရ သဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ 




ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားနိုင်ငံတွင်း ဒေသအချင်းချင်းရဲ့ ပဋိပက္ခများနှင့်
 တောင်မြောက်ကိုရီးယား ပြဿနာများဟာ အလွန် စိတ်မကောင်းစရာများဖြစ်ကြောင်း၊
တိုင်းရင်းသားလူမျိုးပေါင်းစုံ မြန်မာပြည်တွင်းမှာလည်း ညီညွတ်မှု အပြည့်အ၀မရသေးကြောင်းပြောဆိုကာ
 ဒီအရာတွေဟာ ဖြေရှင်းရခက်ခဲတာကို ကောင်းကောင်းသိပေမယ့် ဖြေရှင်းနိုင်မယ်ဆိုတဲ့ ယုံကြည်မှု
မရှိလို့ကတော့ အောင်မြင်ဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုကာ သူမအနေဖြင့် မြန်မာပြည် ညီညွတ်ရေးကို 
 အောင်မြင်စွာ တည်ဆောက်နိုင်မယ်လို့ ခိုင်မာစွာ ယုံကြည် ထားကြောင်းလည်း ပြောဆိုလိုက်ပါတယ်။ 
ဆုန်က ဂျာမဏီ ၀န်ကြီးချုပ် မဲလ်ခဲ့လ်က အတိတ်က ဂျာမဏီရဲ့ ကျူးလွန်မှုတွေကို ၀န်ခံခဲ့ပေမယ့် ဂျပန်ကတော့ ကိုရီးယားအမျိုးသမီးများအား စစ်တွင်း ဂျပန်စစ်တပ်အတွက် လိင်အသုံးချခဲ့တဲ့ အမှားကို အခုထိ ၀န်မခံတာဟာ ကြီးမားတဲ့ ပြဿနာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ 
ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ဥရောပနဲ့အာရှရဲ့ ကွာခြားမှုဖြစ်ကြောင်း၊ အာရှတိုက်သားတွေဟာ အမှားကို ၀န်ခံဖို့ ၀န်လေးတတ်ကြကြောင်း၊ အမှားလုပ်မိပြီဆိုရင် ချက်ချင်း အမှားကို ၀န်ခံခြင်းဖြင့် အဆုံးသတ် ပေးရမယ်လို့ သူမ ယူဆကြောင်း၊ မြန်မာတွေလည်း အတူတူ ပဲဖြစ်ကြောင်း၊ နိုင်ငံရေးသမားတွေဟာ အထူးသဖြင့် အမှားကို ၀န်ခံဖို့ မကြိုးစားကြသဖြင့် အဆင် မပြေတွေဖြစ်နေကြရတာဖြစ်ကြောင်း၊ အမှားကို မြန်မြန် ၀န်ခံပြီး ပြင်ဆင်ဖို့ ကြိုးစားရမည်ဖြစ်ကြောင်း၊ 
အမှားကိုဝန်ခံတာဟာ ရှက်စရာမဟုတ်ကြောင်း ပြောဆိုပါတယ်။ 
ဆက်လက်ပြီး ဆုန်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၄ အင်ချွန်း အာရှဂိမ်း ပွဲတော်သို့ တက်ရောက်ပေးဖို့ ဖိတ်ကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လိုသော်လည်း အခု ချက်ချင်း ဆုံးဖြတ်ဖို့မဖြစ်နိုင်သေးကြောင်း ဖြေကြားခဲ့ပါတယ်။ အာရှဂိမ်းရဲ့ ဆောင်ပုဒ်ဖြစ်တဲ့
  ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀နှင့် တထပ်တည်းကျတာကြောင့် ဆုန်က အခုလို ဖိတ်ကြားလိုက်တာပဲဖြစ်ပါတယ်။ 
အင်ချွန်းမြို့တော်မှ ပြောရေးဆိုခွင့်ရှိသူက မြို့တော်ဝန်အနေဖြင့် အခုလို ရုတ်တရက် ဖိတ်ကြားလိုက်ခြင်း
အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ချက်ချင်းအဖြေပေးဖို့ဆိုတာ ခက်ခဲခြင်းကို နားလည်ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည် အာရှဂိမ်းပွဲတော်ကို တက်ရောက်နိုင်ဖို့ သူတို့ ဆက်လက် ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။ 
ဆက်လက်ပြီး ဆုန်က အင်ချွန်းမြို့ဟာ မြန်မာအပါအ၀င် အာရှရှိ နှလုံးရောဂါသည် ကလေးငယ်များကို ဖိတ်ခေါ်ပြီး ခွဲစိတ်ကုသပေးခြင်း၊ ဆုန်းဒိုGlobal Campusကို ဖွင့်လှစ်ကာ အာရှကျောင်းသား များအား ပြုစုပျိုးထောင်ပေးခြင်း၊ ကမ္ဘာ့ရာသီဥတု ထိမ်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားမှု အစီအစဉ်များကို ရှင်းပြကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတူ ပူးပေါင်းပေးခြင်းကို တောင်းဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည် မှလည်း အမြဲမပြတ် ဆက်သွယ်ကာ အတူလုပ်ဆောင်နိုင်သည်များကို ပူးပေါင်း လုပ်ကိုင်ကြမည် ဟု ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။ 
http://www.incheonnews.com/news/articleView.html?idxno=53677အားဆီလျော်စွာ ဘာသာ  
  ပြန်ဆိုပါသည်။

No comments: