ရေးသားသူ — ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားခရီးစဉ် ဖြစ်မြောက်ရေးကော်မတီ
သို့/ လူကြီးမင်းခင်ဗျာ ....
ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားခရီးစဉ် ဖြစ်မြောက်ရေး ကော်မတီအနေဖြင့်
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း သုံးစွဲခဲ့သော ဘဏ္ဍာရေးရှင်းတမ်း ရှင်းလင်းကြေညာရန်
အတွက်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မှတ်တမ်းတင်ရိုက်ကူးခဲ့သော
ဗွီဒီယို/ ဓာတ်ပုံမှတ်တမ်းများနှင့်စပ်လျဉ်း၍ ဆက်စပ်ဆွေးနွေးရန်အတွက်လည်းကောင်း၊ ခရီးစဉ်
အတွင်း ပူးပေါင်းဆောင်ရွက်ခဲ့မှုများအပေါ်တွင် ပြန်လည်သုံးသပ်ရန်နှင့် ကော်မတီအားဖျက်သိမ်း
ရန်အတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လိုပါသည်။ သို့ဖြစ်ပါသောကြောင့် ဒေါ်အောင်ဆန်းစုကြည်
တောင်ကိုရီးယားခရီးစဉ် ဖြစ်မြောက်ရေးကော်မတီတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော အဖွဲ့အစည်း
အသီးသီးမှ တာဝန်ခံများနှင့် လူပုဂ္ဂိုလ်များအားလုံး ဆွေးနွေးပွဲသို့ တက်ရောက်ပေးကြပါရန် လေးစား
စွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ ။ ၂၀၁၃ ခုနှစ်၊ မတ်လ (၃)ရက်၊ တနင်္ဂနွေနေ့ ။
အချိန် ။ ။ နေ့လည် (၀၁း၀၀)နာရီမှ မွန်းလွဲ (၀၃း၀၀)နာရီအထိ ။
နေရာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
ကိုရီးယားဌာနခွဲ ရုံးခန်းမဆောင် ။
ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားခရီးစဉ်
ဖြစ်မြောက်ရေးကော်မတီ
Type rest of the post here
Friday, March 1, 2013
ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားခရီးစဉ် ဖြစ်မြောက်ရေးကော်မတီ၏ ဆွေးနွေးပွဲဖိတ်ကြားစာ
Subscribe to:
Post Comments (Atom)
1 comment:
ဖိတ်စာပါ “ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားခရီးစဉ် ဖြစ်မြောက်ရေးကော်မတီ” ဆိုတာ မကြားမသိဖူးပါ။
Post a Comment