ရေးသားသူ — စိုးမိုးသူ
![]() |
Stop Crack Down တီးဝိုင်း-စိုးသီဟ(မြန်မာ)၊ စုံမြောင်ဟွန်း(ကိုရီးယား)၊ မီနူး(နီပေါ)၊ ဟဲရီ(အင်ဒိုနီးရှား)၊ စိုးမိုးသူ(မြန်မာ) |
လွန်ခဲ့တဲ့ ၁၉၉၂ခုနှစ်မှာ ကိုရီးယားကို ၀င်ရောက်လာခဲ့ပြီး စားသောက်ဆိုင်၊ အထည်ချုပ်ဆိုင် စတဲ့ အလုပ်မျိုးစုံကို လုပ်ကိုင်ကာ ၁၈နှစ်ကြာ နေထိုင်ခဲ့သူ နီပေါလူမျိုး အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ် သမား မီနူး သို့မဟုတ် ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေး လှုပ်ရှားသူအကြောင်း မိတ်ဆက်ပေး ပါရစေ။
သူဟာ ဘ၀တူ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်
အရင်းရှင် ကိုရီးယား အစိုးရရဲ့ ခေါင်းပုံဖြတ် ဖိနှိပ်ခြင်း၊ အလုပ်ရှင်ဆိုးများ ဖိနှိပ်ခြင်းအောက်မှ လွတ်မြောက် ကာ အခြေခံ လူ့တန်ဘိုးကို ရရှိပြီး အလုပ်လုပ်ကိုင် နေထိုင်နိုင်ရန် အတွက်
ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ ဘ၀ကို တေးသီချင်းဖြင့် ဖော်ကျူးသော
ရွှေ့ပြောင်းအလုပ်သမား တီးဝိုင်း Stop Crack down band လှုပ်ရှားမှုဖြင့်လည်းကောင်း
![]() |
ရွှေ့ပြောင်းအလုပ်သမားတီးဝိုင်း Stop Crack down band ဖျော်ဖြေပွဲတခု |
လုပ်ခလစာ မရရှိသူ ရွှေ့ပြောင်းအလုပ်သမားဘ၀ကို ရေးစပ်ထားတဲ့ လစာထုတ်ရက် သီချင်းဗီဒီယို
ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ ဘ၀ကို သတင်း၊ရုပ်သံဖြင့် ရိုက်ကူးတင်ပြသော
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTV(migrant worker television) လှုပ်ရှားမှုဖြင့်လည်းကောင်း
ကိုရီးယားအသိုက်အ၀န်းတွင်း ကျယ်ပြန့်စွာ အသိပေးလှုပ်ရှားခဲ့သူ၊
ရွှေ့ပြောင်းသူ လူ့အခွင့်အရေးအတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်
ဒီလို လှုပ်ရှားမှုတွေကို ထိရောက်စွာ လုပ်ကိုင်ခဲ့မှုကြောင့် သူ့ကို
ကိုရီးယားအစိုးရမှ Tarket ထားပြီး လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ် ၁၀လပိုင်းမှာ နေအိမ်အနီးတွင် သွားရောက် စောင့်ကြို ဖမ်းဆီးကာ နီပေါသို့ အတင်းပြန်ပို့ခဲ့ပါတယ်။
အစိုးရက သူ့ကို တရားမ၀င်နေထိုင်မှု၊ နိုင်ငံခြားသား နိုင်ငံရေးမလုပ်ရဆိုတဲ့ လ၀က ဥပဒေကို ချိုးဖောက် မှုကြောင့် ဖမ်းဆီးပြန်ပို့ရတာဖြစ်တယ်လို့ အကြောင်းပြပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ သူ့ကို ဖမ်းဆီး ရခြင်း အဓိက အကြောင်းရင်းကတော့ သူဟာ အဖိနှိပ်ခံ ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ ဘ၀ကို လူထု အသိုက်အ၀န်း အကြား ကျယ်ပြန့်စွာ အသိပေး လှုပ်ရှားခဲ့တာကြောင့်ပင်ဖြစ်ကြောင်း လူတိုင်းက ယုံကြည် လက်ခံထားကြပါတယ်။
အစိုးရက သူ့ကို တရားမ၀င်နေထိုင်မှု၊ နိုင်ငံခြားသား နိုင်ငံရေးမလုပ်ရဆိုတဲ့ လ၀က ဥပဒေကို ချိုးဖောက် မှုကြောင့် ဖမ်းဆီးပြန်ပို့ရတာဖြစ်တယ်လို့ အကြောင်းပြပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ သူ့ကို ဖမ်းဆီး ရခြင်း အဓိက အကြောင်းရင်းကတော့ သူဟာ အဖိနှိပ်ခံ ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ ဘ၀ကို လူထု အသိုက်အ၀န်း အကြား ကျယ်ပြန့်စွာ အသိပေး လှုပ်ရှားခဲ့တာကြောင့်ပင်ဖြစ်ကြောင်း လူတိုင်းက ယုံကြည် လက်ခံထားကြပါတယ်။
ကိုရီးယားမှာ ၁၈နှစ်ကျော်ကြာ နေထိုင်ခဲ့သူ မီနူးဟာ နောက်ဆုံးမှာတော့ သူသံယောဇဉ်ရှိတဲ့ ကိုရီးယားနိုင် ငံနှင့် သူနှင့် ဘ၀တူ ရွှေ့ပြောင်းအလုပ်သမားများကို နှုတ်ဆက်ခွင့်တောင် မရပဲ နီပေါနိုင်ငံလေဆိပ်အထိ
ဘေး တဘက်တချက်မှာ လ၀က၀န်ထမ်း၂ယောက်က ချုပ်ကိုင်ကာ လက်ထိပ်တန်းလန်းနဲ့ နေရပ် ကို
ပြန်ပို့ ခံခဲ့ ရပါတယ်။
ပြန်ပို့ ခံခဲ့ ရပါတယ်။
![]() |
မီနူးအား အတင်းအကြပ်ဖမ်းဆီးပြန်ပို့ခြင်းကို ကန့်ကွက်ကြသည့် အဖွဲ့အစည်းများ |
ဒီ ဗွီဒီယိုအတိုလေးမှာတော့ သူ့ရဲ့ ကိုရီးယားက လှုပ်ရှားမှု ရုပ်ပုံအချို့နဲ့ ရွှေ့ပြောင်းသူတို့ ဘ၀ကို ထည့်သွင်း ဖန်တီးထားပါတယ်။
ကျနော့်ရဲ့ ရဲဘော်ရဲဘက်လည်းဖြစ်၊ အကိုတယောက်လဲဖြစ်တဲ့ သူ့အကြောင်း ဗွီဒီယိုလေးကို မိတ်ဆွေများထံ ဖြန့်ဝေပါတယ်။
စိုးမိုးသူ
No comments:
Post a Comment