Tuesday, March 19, 2013

(ကဗျာ) လာချင်ဦးဟဲ့ ကိုရီးယား

ရေးသားသူ — စိုးမိုးသူ


















လာချင်ဦးဟဲ့ ကိုရီးယား

Dirty,Difficult ,Dangerous နဲ.
နောက် D တစ်လုံးထပ်၍သုံးသော်
Delay Payment ရှိသည့်အရပ်က
ဟန်းဂု ( 한국 ) ခေါ်ငြား ကိုရီးယား......

အေးသည် ပူသည် ထိုနှစ်လီကို
ပြင်းပြခံစား ဆိုးဝါးရာသီ
တွေ.ကြုံစေသား ကိုရီးယား........

အင်္ဂလိပ်စကား မိုးပျံငြားလည်း
ဂ န ဒ ယ မတတ်ကမူ
ဒုက္ခကြီးမား တွေ.ကြုံခံစား
Yes No မိုလား (모라) ကိုရီးယား........

ပင်လယ်ငါးနှင့် ချဉ်ဖတ်ပေါများ
အဟာရအဖြစ် လွေးရစေသား
ပေါက်ကရတွေစား ကိုရီယား........

ဒီတွင်မကြိုက် ဟိုတွင်မိုက်လည်း
ပြောင်းလိုသည့်အခါ ကြုံကြိုက်လာခိုက်
ထွက်ခွင့်မပေး ညစ်ကျယ်သေးသည်
ခေါင်းစားစရာများ ကိုရီးယား...

မနက် ၇ ည ၈ အားသွန်ကစ်၍
စနေမနား တနင်္ဂနွေမအားလို.
နွားလိုရုန်းထား ကိုရီးယား....

လုပ်ငန်းခွင်တွင် လုပ်နေစဉ်လည်း
ပါးလီ ပါးလီ (빨리 빨리) တွင်တွင်မြည်၍
ယား ရှက်ကီရာ နာယူခံစား
ရိုင်းသူပေါများ ကိုရီးယား.......

မချစ်သော်လည်း အောင့်၍နမ်းမယ်
အိမ်ပြန်ဘို.ရေး စောင့်မျှော်ငေးဆဲ
အော်ဆဲညည်းတွား
ရှီးဗားလားမား ကိုရီးယား.....

မောင်ဂျစ်
16-3-2012 ( စနေနေ. )
4:02 Pm

1 comment:

hein said...

လေးစားလွန်းလို့ ပါဗျာ..သောက်ရမ်းလန်းတဲ့ ကဗျာ. ဒါထက် ဘာမှတော့ဆိုင်ဘူး..ကိုရီး
ယားနဲ့ မြန်မာကို western union ဘဏ် သုံးပြီးငွေလွဲလို့ ရပါသလားခင်ဗျာ