Friday, March 29, 2013

ဗီစာမရှိတာကို အသုံးချ၊ ရွှေ့ပြောင်း အလုပ်သမကို ရိုက်နှက်သူ အရေးယူခံရ

ရေးသားသူ —စိုးမိုးသူ

ဒဲဂူးရဲဌာနဟာ အထောက်အထားမဲ့ အလုပ်သမားကို ထိုးကြိတ်သူ ဒဲဂူးရှိ အလုပ်ရုံတခုရဲ့ စက်ရုံမှူး B(အသက်၄၄)ကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ သတင်းရပါတယ်။

ဘာဂ်ဟာ လွန်ခဲ့တဲ့ ၁၅ရက်နေ့ နံနက်၁၁နာရီမှာ စက်ရုံတွင်း အလုပ်လုပ်နေသူ ဖိလစ်ပိုင်နိုင်ငံသူ အ
ထောက်အထားမဲ့ အလုပ်သမ D(အသက်၂၂ အမျိုးသမီး)အား အလုပ်ခိုင်းတာ မနာခံလို့ဆိုပြီး ကြိမ်ဖန်
များစွာ ရိုက်နှက်ခဲ့ပါတယ်။ အမျိုးသမီးဟာ ရိုက်နှက်ခံရမှုကြောင့် ခေါင်းကွဲသွားပြီး ဆေးရုံတွင် ၄ပတ်ကြာ တက်ရောက်ကုသရမယ့် အခြေအနေမှာ ရှိနေပါတယ်။

ရဲများက Bဟာ အထောက်အထားမဲ့ အလုပ်သမားတွေအနေနဲ့ အထိုးခံရလည်း နိုင်ငံကို ဖမ်းဆီးပြန်ပို့ခံရ
မှာ စိုးလို့ ရဲဌာနကို တိုင်ကြားရဲခြင်း မပြုနိုင်ဘူးဆိုတဲ့ အချက်ကို အသုံးချပြီး ထိုးကြိတ်ခဲ့တာ ဖြစ်တယ်လို့ ၀န်ခံကြောင်း ပြောဆိုပါတယ်။

ယခုလမှ စတင်ပြီး ပြောင်းလဲလိုက်သည့် ဥပဒေအရ ရဲဌာနအနေနဲ့ အထောက်အထားမဲ့ အလုပ်သမားများ ရဲ့ အမှုအခင်းများကို လူဝင်မှုကြီးကြပ်ရေးဌာနသို့ အရင်လို အကြောင်းကြားရန် မလိုတော့တာမို့ ရှေ့ကို
လည်း အထောက်အထားမဲ့ အလုပ်သမားရဲ့ နေထိုင်ခွင့်ဆိုင်ရာ အားနဲချက်ကို အသုံးချပြီး လူ့အခွင့်အရေး
ချိုးဖောက်မှုများအား ဥပဒေအရ စီရင်နိုင်တော့မှာဖြစ်ပါတယ်။

No comments: