Monday, March 4, 2013

ဆရာကြီး ဒဂုန်တာရာ မာန်ဟဲ ဆု ရရှိ

 
  အသက် ၉၄ နှစ် အရွယ်ရှိ မြန်မာ ကဗျာဆရာကြီး ဒဂုန်တာရာကို မာန်ဟဲ ပညာရှင်ဆိုကို ချီးမြှင့်လိုက်ကြောင်း ၂၀၁၃ ခုနှစ် မတ် ၄ ရက်နေ့က မာန်ဟဲ အထိမ်းအမှတ် အဖွဲ့က ကြေညာပါတယ်။ ၁၇ ကြီမ်မြောက် မာန်ဟဲ ဆုကို ပညာရှင်ဆု၊ ငြိမ်းချမ်းရေးဆု၊ စာပေအနုပညာဆုဆိုပြီး ပေးတဲအထဲမှာ ဆရာကြီး ဒဂုန်တာရာကို မာန်ဟဲ ပညာရှင်ဆုကို ချီးမြှင့်လိုက်ပြီး ဆရာကြီးနှင့်အတူ ကိုရီးယား ဘုန်းတော်ကြီး အိလ်မြောန်ဆရာတော်၊ မော်ရိုကို စာရေးဆရာ Abderrahim El Allamတို့ ရရှိကြပါသည်။ မာန်ဟဲ ငြိမ်းချမ်းရေး ဆုရှင်အဖြစ် ဆောန်ဂုံဟွဲ တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဂိုဏ်းအုပ်ဆရာတော် ကင်းမ်ဆောင်န်စု၊ ပညာရေး လှုပ်ရှားမှုခေါင်းဆောင် Fethullah Gulen နှင့် World Fellowship of Buddhists တို့ ရရှိကြပါသည်။ မာန်ဟဲ စာပေ အနုပညာဆုရှင်များအဖြစ် ပါမောက္ခ မစ္စစ် အန်စုဆောန်၊ ဂျာမဏီ စာရေးဆရာ Ingo Schulze နှင့် ရုရှား ကဗျာဆရာ Konstantin Kedrov တို့ ရရှိကြပါသည်။ မာန်ဟဲ ဆုရှင်များကို ၂၀၁၃ ခုနှစ် သြဂတ်လ ဒုတိယအပတ်မှာ ကိုရီးယားနိုင်ငံ အရှေု့ပိုင်းရှိ ဂါန်ဝါန်ပြည်နယ် အင်ဂျဲမြို့မှာ ဆုများကို ချီးမြှင့်သွားမှာ ဖြစ်ပါသည်။
 

No comments: