Tuesday, March 5, 2013

မာန်ဟဲ ဆရာတော်၏ ကိုယ်ရေး အကျဉ်း

 
လွတ်လပ်ရေး ခေါင်းဆောင်၊ ကဗျာဆရာ၊ ဟန်ယုန်အု (ခေါ်) မာန်ဟဲ ဆရာတော်၏ ကိုယ်ရေး အကျဉ်းကို တင်ပြလိုက်ပါသည်။

စာဖတ်သူများကို အစဉ်လေးစာလျက် ဇော်မိုးအောင် br />
၁၈၇၉ ခုနှစ် သြဂတ် ၂၉ ရက်နေ့ ချူန်ချောန်နာမ်ဒို (ဒို - ပြည်နယ်) ဟုန်းဆောန်ဂု(န်) ဂယောဆောန်မြောန်၊ ဆောန်ဂုဂ်ရီ အမှတ် ၄၉၁တွင် အဘ ဟန်အွိ(န်)ဂျူ(န်) အမိ ဘန်း (အိုညာန်း ဘန်း အမျိုးအနွယ်) တို့ကနေ ဒုတိယ သားအဖြစ် မွေးဘွားလာခဲ့ပါသည်။ ၁၈၈၄ ခုနှစ် (၆)နှစ်မှာ ဟရာန်းရီတွင် ကိုရီးယား ခန်းကြီးစာများကို (တရုတ်စာ) စတင် သင်ကြားခဲ့။ ၁၈၉၄ ခုနှစ် (၁၄) နှစ်မှာ ဟရာန်းရီတွင် ချောန်နန် (ချောန်အန်) ဂျောန် အမျိုးအနွယ်း အမျိုးသမီးနှင့် အိမ်ထောင်ပြုခဲ့။ ၁၉၀၄ ခုနှစ် (၂၆)နှစ်မှာ သားအငယ်ဆုံးကို မွေးဖွားပြီး မြောက်ကိုရီးယားတွင် သေဆုံးပြီး ပဉ္စမမြောက် သမီးလည်း သေဆုံးခဲ့။ ၁၉၀၅ ခုနှစ် (၂၇) နှစ်အရွယ် မြောက်ကိုရီးယားဘက်မှ ဂါန်ဝါန်ဒိုသို့ တဖြေးဖြေးပြောင်းရွှေ့လာပြီး အိုဒဲဆာန်(ဆာန် -တောင်)ရှိ ဝေါ်ဂျောန်ဆာ (ဆာ - ကျောင်း - ဘုန်းကြီးကျောင်း) ဆောလာဂ်ဆာန် ဘက်ဒါမ်ဆာသို့ လှည့်လည် နေထိုင်ရင်း ဂျောန်ယောန်ဂျဲ ဆရာတော်ထံတွင် ဘုန်းကြီး ၀တ်ခဲ့ပြီး ဗုဒ္ဓစာပေ ကျမ်းဂန်များကို လေ့လာ သင်ကြား။ ဘုန်းကြီးအမည် - ယုန်အု(န်) ( ဟန်ယုန်အု(န်)) ဘွဲ့တော် - မာန်ဟဲ။ ၁၉၀၈ ခုနှစ် ဧပြီ (၃၀)နှစ်မှာ ဂျပန်နိုင်ငံသို့ သွားရောက်ပြီး မာဂွာန်၊ ဂုန်ဒို၊ ဂယောင်န်ဒို၊ ဒုန်ဂယောန်တို့တွင် နေထိုင်ပြီး တက္ကသိုလ်များတွင် ဗုဒ္ဓစာပေများကို ဆက်လက် လေ့လာသင်ကြားခဲ့ပြီး အောက်တိုဘာတွင် ကိုရီးယားနိုင်ငံသို့ ပြန်လာခဲ့။ ၁၉၁၀ ခုနှစ် မတ် ၂၄ (၃၂)နှစ်မှာ ဘုန်းတော်ကြီးနှင့် သီလရှင်များ လက်ထပ်ခွင့်ပြုရန် အကြံပြုစာ တင်ပြခဲ့။ ၁၉၁၁ ခုနှစ် (၃၃)နှစ်မှာ ကိုရီးယား၊ ဂျပန် ဗုဒ္ဓဘာသာ ညီလာခံ ကျင်းပပွဲနှင့် အဖွဲ့ချုပ် တည်ထောင်ရေးများကို ဖျက်သိမ်းဘို့ တောင်းဆို ကန့်ကွက်ခဲ့။ ၄င်းနောက် လွတ်လပ်ရေး တပ်မတော်နှင့် အဆက်အသွယ်များ ပြုလုပ်ခဲ့။ ဒုန်ဘု ဆာမ်ဆောန်ရွာတွင် ဂျပန် ဖက်ဆစ်များက ကိုရီးယား လွတ်လပ်ရေး ကြိုးပမ်းမှု တပ်မတော်နှင့် ဆက်သွယ်တယ်ဆိုပြီး မသင်္ကာမှုဖြင့် ရှာဖွေ စစ်ဆေးနေစဉ် သေနတ် ပစ်ခတ်ခံခဲ့သဖြင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့။ ၁၉၁၄ ခုနှစ် ၃၆နှစ်မှာ ဗုဒ္ဓဘာသာ စာစောင်များကို ထုတ်ဝေ ဖြန့်ချီ။ 

၁၉၁၉ ခုနှစ် မတ် ၁(ဆာမ်အိလ်ဂျောလ်) (၄၄)နှစ်မှာ လွတ်လပ်ရေး ကြေညာစာတမ်း ထုတ်ပြန်မှုတွင် အမျိုးသား ခေါင်းဆောင် ၃၃ ဦးထဲတွင် တဦး အပါအ၀င်ဖြစ် ခေါင်းဆောင် လှုပ်ရှားခဲ့ပြီး မာဖို အကျဉ်းထောင်တွင် အဖမ်းခံခဲ့ရ။ ၁၉၂၆ ခုနှစ် ဇွန် ၉ (၄၈)နှစ်မှာ ဇွန် ၁၀ အောင်မြင်ရေး လှုပ်ရှားမှုတွင် မင်္သာမှုဖြင့် ကြိုတင် အဖမ်းခံခဲ့ရ။ ၁၉၂၉ ခုနှစ် ( ၅၁)နှစ်မှာ လွတ်လပ်ရေး တိုက်ပွဲဝင် သူရဲကောင်းများ ဖြစ်ကြသော ဂျိုဗြောန်အုဂ်၊ ကင်းမ်ဗြောင်းရို၊ ဆုန်းဂျီအု၊ ယီအင်၊ ယီဝေါ်ဟယောဂ်၊ ယီဂွန်ယုန်း၊ စောဂျောန်ဟီတို့၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ကျင်းပပေးခဲ့။ ၁၉၃၃ ခုနှစ် (၅၅)နှစ်မှာ ယူစုဂ်ဝါန် အမျိုးသမီးနှင့် ဒုတိယ အိမ်ထောင်ပြုခဲ့။ ၁၉၃၄ ခုနှစ် (၅၆)နှစ်မှာ ဟန်ယောန်စုဂ် သမီးကို မွေးဘွားခဲ့။ ၁၉၄၃ ခုနှစ် (၆၅)နှစ်မှာ ကိုရီးယား ဂျပန် ဖက်ဆစ်တပ်တွင် ဆေးစစ်သားများအဖြစ် အသုံးပြုမှုကို ကန့်ကွက်ခဲ့။ ၁၉၄၄ ခုနှစ် ဇွန် ၂၉ ရက် (၆၆)နှစ်မှာ ကွယ်လွန်ခဲ့၊ ရုပ်အလောင်းကို မီးသဂြို င်္ဟ်ခဲ့ပြီး မာန်အုရီ အများသုံး သုဿာန်တွင် ဂူသွင်း မြုပ်နှံခဲ့။ မာန်ဟဲ ဆရာတော်သည် အသက် ၃၀ ကျော်မှ စတင်ပြီး ဗုဒ္ဓကဗျာများ၊ အချစ် ကဗျာများကို ရေးသားခဲ့ကြောင်း သိခဲ့ရပြီး အချစ်ကဗျာများတွင်လည်း အမည်ရခဲ့သည်။ ဘုန်းကြီးဝတ်ဖြင့် ကိုရီးယားနိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေး လှုပ်ရှားခဲ့သော ဆရာတော်အဖြစ်လည်း အမည်ကျော်ကြားပါသည်။ ၁၉၄၈ ခုနှစ်မှာ မာန်ဟဲ ဆရာတော်ကို ကိုးကွယ်ကြသူများက ဆရာတော်၏ စာပေ လက်ရာများကို စတင် စုဆောင်းခဲ့။ ၁၉၇၇ ခုနှစ်တွင် ပထမ ဇနီးနှင့် ရခဲ့သော သား ဟန်ဘုဂုဂ်က မြောက်ကိုရီးယားတွင် ကွယ်လွန်။ ၁၉၈၅ ခုနှစ်တွင် ဂါန်ဝါန်ဒို၊ ဟုန်းဆောဂု(န်)တွင် မာန်ဟဲ ဆရာတော်၏ ရုပ်တု ထုလုပ်ထားရှိခဲ့။ ၁၉၉၇ ခုနှစ်တွင် ဘက်ဒါမ်ဆာတွင် မာန်ဟဲ အထိမ်းအမှတ် အဆောက်အအုံကို တည်ဆောက်ပြီး ဂုဏ်ပြုခဲ့။ ၁၉၉၈ ခုနှစ်မှ စတင်ပြီး မာန်ဟဲ ဆုကို စတင် ချီးမြှင့်ခဲ့။   

No comments: