Thursday, October 1, 2009

ဧကာဒသမအကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်

မြန်မာအသင်း (ကိုရီးယား)
MYANMAR ASSOCIATION IN KOREA

미 얀 마 공 동 체

ကိုရီးယားနိုင်ငံ ပူချွန်းမြို့ ဆော့ဂွမ်ဆာဘုန်းကြီးကျောင်းဝန်းတွင် ကိန်းဝပ်စံပယ်တော်မူသော တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပူဇော်သည့် ဗုဒ္ဓပူဇနိယပွဲသဘင်ကို ၂၀၀၉ အောက်တိုဘာ ၃ (စနေနေ့) တွင် ကျင်းပမည် ဖြစ်ပါသည်။

တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကို မြန်မာအသင်း (ကိုရီးယား) က ဦးဆောင်၍ ကိုရီးယားနိုင်ငံရှိ မြန်မာ အဖွဲ့အစည်း အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် ၁၁ ကြိမ်မြောက် ဖြစ်ပါသည်။

ယခုနှစ်တွင်လည်း ဗုဒ္ဓပူဇနိယပွဲတော်ကို ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် ကိုရီးယားနိုင်ငံရောက် ရွှေညီအစ်ကို မောင်နှမများအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ပွဲတော်အစီအစဉ်မှာ
နေ့ရက် - ၂၀၀၉ အောက်တိုဘာ ၃ (ကိုရီးယားရိုးရာ ချူဆော့ပိတ်ရက်)
အချိန် - နေ့လယ် ၁၂ မှ ၄ နာရီ
နေရာ - ဆော့ဂွမ်ဆာကျောင်းတိုက်၊ ပူချွန်းမြို့
အကျွေးအမွေး - အဖွဲ့အစည်းများနှင့် အလှူရှင်များ၏ စတုဒိသာ မြန်မာအစားအစာ မျိုးစုံ
ဖျော်ဖြေရေး - ကာရာအိုကေ၊ ပြဇာတ် နှင့် အခြား...
အထူးအစီအစဉ် - မြန်မာအသင်း လူမှုရေး ရန်ပုံငွေ ကံစမ်းမဲ

ဆက်သွယ်ရန် =
ဥက္ကဋ္ဌ ဦးခင်မောင်ရင် (011- 9386- 7153)
ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်အောင် (011- 9054- 4727)
အတွင်းရေးမှုး ဒေါ်အေးအေးမြင့် (010- 2349- 1920)

No comments: