ကိုဝိုင်း(မိုးညှင်း)
အောက်တိုဘာ ၄ ၊ ဆောအူးလ်မြို့။
ယမန်နေ့က ၊ မြန်မာအသင်း (ကိုရီးယား) က ဦးဆောင်၍ ၁၁ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုရီးယားနိုင်ငံ ဂယောင်းဂီပြည်နယ် ပူချွန်းမြို့(Bucheon of Gyeonggi Province) ဆော့ဂွမ်ဆာဘုန်းကြီးကျောင်း (Seokwangsa) တွင် ကျင်းပပြီးစီးကြောင်း သိရသည် ။ပွဲတော်ကို ကိုရီးယားနိုင်ငံရှိ မြန်မာ အဖွဲ့အစည်း အသီးသီးတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း ၊ ပွဲတော်သို့ ပရိတ်သတ် ၃၀၀ ကျော်ခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြကြောင်း ၊ ပွဲတော်တွင် မြန်မာရိုးရာ အစားအစာများကို နိဗ္ဗာန်ဈေး ခေါ် စတုဒီသာမဏ္ဍပ်များဖြင့် အလျှံပယ် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်းနှင့် ပရိတ်သတ်များကို ရိန်းဘိုးတီးဝိုင်း ၊ မျိုးချစ်မောင်ဒိုးဝိုင်း နှင့် ကာရာအိုကေ ဝါသနာရှင်များက ရသစုံ အနုပညာပုံစံများဖြင့် သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ပွဲတော်ကို နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပခဲ့ကြပြီး ၊ ပွဲတော်၏ နောက်ဆုံးအစီအစဉ်အဖြစ် ကံစမ်းမဲအစီအစဉ်ဖြင့် ပိတ်သိမ်းခဲ့ရာ ပထမဆု အိတ်ဆောင်ကွန်ပြူတာ(Laptop)ကို အဖြူရောင် သူငယ်ချင်းများ အဖွဲ့မှ မဟာကံထူးရှင် ကိုကိုနံပါတ် ၂၉၂ သို့ မြန်မာအသင်း ဥက္ကဋ္ဌဦးခင်မောင်ရင်က ချီးမြှင့်လိုက်ကြောင်းသိရသည် ။
No comments:
Post a Comment