Friday, March 15, 2013
မြန်မာနှင့် ကိုရီးယား၏ The Dream
၂၀၁၃ ခုနှစ် မတ် ၁၃ ရက် မြန်မာနိုင်ငံ စေတီပုထိုးများနှင့် သဘာဝ ရှုခင်းများ ရှိသည့် ပုဂံမြေ၏ ဧရာဝတီမြစ်ကမ်း နဘေးမှာ မြန်မာ လူငယ်တို့ ဘောလုံးကစားနေကြသည်ကို မြန်မာ MR TV 4 နှင့် ကိုရီးယား EBS ရုပ်မြင်သံကြားဌာနတို့ The Dream ဆိုသည့် ဇာတ်လမ်းကို ၇ ရက်မြောက် ပူးတွဲ ရိုက်ကူးနေသည့် ရိုက်ကွင်းလေးကို လှမ်းမြင်တွေ့ နေရပါသည်။ မြန်မာ တောရွာလေးက မြန်မာ လူငယ်တွေက ဘောလုံးကို အခြေပြုပြီး သူတို့၏ အိမ်မက်တွေကို အခြေခံထားသည့် The Dream ဇာတ်လမ်းဖြစ်ပါသည်။ The Dream ဇာတ်လမ်းကို မေလအတွင်း နှစ်နိုင်ငံတို့တွင် ပြသသွားနိုင်ရန် စီစဉ်ထားကြောင်း ကိုရီးယားနိုင်ငံထုတ် ယောန်နာဘ် သတင်းအရ သိရပါသည်။ အဆိုပါ ဇာတ်လမ်းကို ၁၄ ရက်ကြာ ရိုက်ကူးရမှာဖြစ်ပါသည်။ ကိုရီးယားဘက်က မစ္စတာ ယီဟို (PD)က တာဝန်ယူပြီး မြန်မာဘက် Zao Wei Mg(PD) တို့က ဦးဆောင်၍ ကိုရီုးယားလူမျိုး ၁၀ ဦးက ရိုက်ကူးနေပြီး စက်ကိရိယာအကူ ၃၀ ယောက်၊ MR TV 4 က ၂ဦးက ရိုက်ကွင်းကို တာဝန်ယူပေးလျက် ရှိပါသည်။ ကလေး သရုပ်ဆောင် Ei Si Kway• ၁၂ နှစ်အပါအ၀င် အယောက် ၄၀ တို့က ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment