Friday, April 5, 2013

ပြည်ပြန်သူများ ရွှေရင်အေးစေဖို့

 
ကျနော်ရဲ့ ကားကို ငှားရမ်း အသုံးပြုကြတဲ့ ရွှေမျိုးအပေါင်းကို အထူး ကျေးဇူးတင်ရှိပါကြောင်း ပဏာမပြောပါရစေ။ ကျနော့် ကားကို ငှားရမ်းကြတဲ့အခါမှာ အများစုက လေယာဉ်ကွင်းကို လိုက်ပို့ပေးရပါတယ်။ လေယာဉ်ကွင်း လိုက်ပို့တဲ့အခါမှာ တရားဝင် နေထိုင်နေကြတဲ့ ရွှေမျိုးအပေါင်းက အခက်အခဲ မရှိကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တရားမ၀င် နေထိုင်ပြီး ပြန်သွားကြရတဲ့ ရွှေမျိုးတွေ လေဆိပ် လ၀ကရုံးကို ၀င်ရောက်တဲ့အခါ တွေ့ကြုံရတဲ့အခက်အခဲ အနည်းငယ်ကို တင်ပြပါရစေ။  
GATE ( G ) ဘေးနားရှိ လေဆိပ် လ၀ကရုံးကို ၀င်တာနဲ့ တိုကင်ကို အရင်ဆုံးယူပါ။ ပြီးတော့ ကိုယ့်အလှည့် ရောက်လာတဲ့အခါ နိုင်ငံကူး လက်မှတ်နဲ့ လေယာဉ် လက်မှတ်ကို ပေးလိုက်ပါ။ လေဆိပ် လ၀က ရဲက စစ်ဆေးပြီး စာရွက် တစ်ရွက်ကို ထုတ်ပေးပါလိမ်မယ်။ အဆိုပါ စာရွက်ကို ယူပြီး အကြောင်းအရာများကို ဖြည့်ပါ။ အားလုံးဖြည့်ပြီးသွားပါက တိုကင်ကို ပြန်ယူပါ။ မိမိ အလှည့်ရောက်တဲ့အခါ မိမိဖြည့်ထားတဲ့ စာရွက်ကို ပြန်ပေးလိုက်ပါ။ လေဆိပ် လ၀က ရဲက စစ်ဆေးပြီး မိမိကို ဓာတ်ပုံ ရိုက်၊ လက်ဗွေရာ ယူပြီး ရဲက သွားလို့ရပြီ ပြောတဲ့အခါ မိမိရဲ့ လုပ်ငန်းစဉ် အားလုံး ပြီးဆုံးသွားဖြစ်၍ မိမိအိတ်ကို ကီလို ချိန်၊ လေယာဉ်မှတ် ထုတ်ပြီး မိမိတို့ ပြန်ချင်သော အမိ မြန်မာနိုင်ငံကို အေးချမ်းစွာ ပြန်နိုင်ပါပြီ။ အဲဒီမှာ အများဆုံး တက်တဲ့ ပြဿနာက မိမိ လက်ရှိ အလုပ်ထွက်ခဲ့တဲ့အချိန်မှ ငါးနှစ် လုပ်ခဲ့တဲ့ စက်ရုံ လိပ်စာများကို ရေးပေးရတဲ့အခါမှာ ကိုယ့်ရွှေမျိုးတွေက အဆင်သင့် မဖြစ်ကြ၊ တချို့က လိပ်စာမှားများကို ရေးမိကြ၊ တချို့က မိမိ နိုင်ငံကူး လက်မှတ်ရဲ့ အမှတ်၊ နိုင်ငံကူး လက်မှတ်ထဲမှာ ရှိနေတဲ့ အမည်၊ မွေးသက္ကရာဇ်တွေကို မသိကြ။ တချို့က လေဆိပ် လ၀ကရုံးထဲကို ရောက်တာနဲ့ ခြေတွေ လက်တွေ တုန်၊ ခြွေးစည်းတွေ ပြန် ဘောပင်တောင် ခေါင်းလောင်း သံ ထွက်နေတဲ့ အဖြစ်တွေလည်း ကြုံတွေ့ရပါတယ်။ အဲဒီလို အဖြစ်မျိုးတွေ မကြုံစေဘို့ အခြေအနေကြောင့် တရားမ၀င် နေထိုင်ပြီး ပြန်ကြတဲ့ ရွှေမျိုးများ ကြိုတင် ပြင်ဆင်ပြီး အေးအေးဆေးဆေး ပြန်နိုင်ရန်အတွက် မိမိ နိုင်ငံကူး လက်မှတ် အမှတ်၊ မွေးသက္ကရာဇ်၊ အမည်၊ နိုင်ငံကူး လက်မှတ် သက်တမ်းတိုးထားရန်နှင့် စက်ရုံ လိပ်စာများကို ကြိုတင် ပြင်ဆင်ပြီး လေဆိပ်ကို သွားကြဘို့ အသိပေး လိုက်ရပါတယ်။ နောက်တစ်ခု မိမိတို့ တရားဝင် နေထိုင်စဉ်က မိမိတို့ ကိုင်ဆောင်ထားသော နိုင်ငံခြားသား ကဒ်များကို မိမိ သဘောနဲ့ ရေးသားခြင်း သက်တမ်းတိုးထားခြင်းများ မပြုလုပ်မိစေရန်နှင့် ပြုလုပ်မိပါက လေဆိပ် လ၀ကရဲကို မပေးရန်တို့ကို အထူး ရှောင်ကြဉ်စေလိုပါတယ်။ နိုင်ငံခြားသား ကဒ်များကို ပြင်ဆင် ရေးသားပါက လေဆိပ် လ၀ကရုံးကနေ နိုင်ငံခြားသား ထိန်းသိမ်းရေး ရုံးခန်းတွင် သွားရောက်ပြီး စစ်ဆေးခံ၍ ၀န်ခံကတိ လက်မှတ် ရေးထိုးရပါလိမ့်မယ်၊ အဲဒီလို ကြုံတွေလာပါက အထိန်းသိမ်းခံ ရုံးသို့ သွားရတဲ့အချိန် လေယာဉ် လက်မှတ်မျာ ထုတ်ရမယ့် အချိန် စတဲ့ အချိန်တွေ မကုန်သင့်ဘဲနဲ့ ကုန်သွားရသဖြင့် ချွေးသံ ရွှဲရွှဲနဲ့ အချိန်လု ပြေးရမယ့် အဖြစ်မျိုးတွေနဲ့ မကြုံကြိုက်မိစေရန် မေတ္တာရှေ့ထား နိုးဆော် အသိပေးလိုက်ရပါတယ်။ 
 ဇော်မိုးအောင် (ကိုရီးယား) ၀၁၀ ၈၈၉၄ ၄၇၇၀

No comments: