Tuesday, May 14, 2013

ကိုရီးယားနိုင်ငံရဲ့ ဗုဒ္ဓမွေးနေ့ ပူဇော်ပွဲ

ရေးသားသူ — သန္တိကရ Type your summary hereကမ္ဘာ့ကုလသမဂ္ဂ၏ အသိအမှတ်ပြု အားလပ်၇က်တစ်ခု ဖြစ်တဲ့ ဗုဒ္ဓနေ့ (ဝိဆဒ်က်ဒေး) ဗုဒ္ဓမွေးနေ့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါပြီ။ ဒီပွဲဟာ ကိုရီးယားနိုင်ငံကို နိုင်ငံခြားသားတွေ လာေ၇ာက်လည်ပတ်ချင်အောင် ဆွဲဆောင်ပေးတဲ့ပွဲတစ်ခုပေါ့။ Type rest of the post here ကိုရီးယားနိုင်ငံလို့ဆိုလိုက်ရင် ခရာစ်ယာန်နိုင်ငံလို့ အားလုံးက မှတ်ထင်နေကြတယ်။ တကယ်တော့ ရှေးယ္ခင်အစဉ်အလာကတည်းက ရှိခဲ့တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအရဆို၇င် ဗုဒ္ဓဘာသာအဆုံးအမနှင့် အညီနေထိုင်လာကြ၊ ပွဲလန်းသဘင်တွေ ဆင်နွဲလာခဲ့ကြတာပါ။ နိုင်ငံရဲ့ အခြေနေအ၇ ပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့ပေမဲ့ တိုးတက်မှုဆိုတဲ့ေ၇စီးကြောင်းကို အမီလိုက်ချင်သူတွေက ခေတ်မီအောင်ဆိုပြီး အနောက်တိုင်းဆန်တဲ့၊ အနောက်တိုင်းယဉ်ကျေးမှုတွေကို အတုခိုးနေကြပေမဲ့ အစဉ်အလာယဉ်ကျေးမှုကိုတော့ နှစ်သက်ခုံမင်နေကြဆဲ ပုဂ္ဂိုလ်တွေ အများကြီးရှိနေဆဲပါ။ ဒါဟာလည်း သူတို့နိုင်ငံကို ဂုဏ်တင့်စေတဲ့ နိုင်ငံခြားသားတွေကို လေးစားစေတဲ့ စိတ်ဝင်စားစေတဲ့ အကြောင်းတစ်ခုဆိုရင် မှားအံ့မထင်။ နှစ်စဉ် ကျင်းပနေတဲ့ ဗုဒ္ဓမွေးနေ့ပွဲကို အစဉ်အလာ ယဉ်ကျေးမှုတွေနဲ့အတူ ခေတ်နဲ့အညီ ပြင်ဆင်မှု ပါဝင်ဆင်နွဲမှုတွေကိုထည့်သွင်းကာ မေလ (၁၁)၇က် စနေနေ့ညက ဒုန်ဂုဗုဒ္ဓဘာသာတက္ကသိုလ်အားကစားကွင်းမှ ကိုရီးယားနိုင်ငံ၇ဲ့ အကြီးဆုံးဂိုဏ်းဖြစ်တဲ့ ဂျိုဂေးဆာဘုန်းကြီးကျောင်းအထိ ယဉ်ကျေးမှုသင်္ကေတများ၊ေ၇ာင်စုံမီးပုံးများ၊ သင်္ကေတ အလံများကိုင်ဆောင်ကာ ရှေးမှုမပျက် အစီအစဉ်အတိုင်း စီတန်းလမ်းလျှောက်ခဲ့ကြသည်။ လမ်းဘေးဝဲယာမှ ကြည်ရှု့အားပေးနေကြသော ကိုရီးယားလူမျိုးများ နိုင်ငံခြားဧည့်သည်များဟာ လမ်းတလျှောက်လုံး ပြည့်နှက်နေပါသည်။ နောက်တနေ့ (မေ -၁၂ )တနင်္ဂနွေနေ့မှာတော့ နိုင်ငံစုံ အဖွဲ့စုံတို့မှာ ရိုး၇ာပစ္စည်းများ ယဉ်ကျေးမှုပစ္စည်းများကို ပြသကြ၊ သတ်မှတ်ထားသောနေရာ၌ ယဉ်ကျေးမှု အဆိုအကများကိုလည်း အလှည့်ကျ ဖျော်ဖြေကြနဲ့ ကြည့်စရာ လေ့လာစရာ စပ်စုစရာတွေအစုံပါပဲ။ အစားအသောက်တွေကို အလကားကျွေးကြတဲ့ အဖွဲ့တွေရှိသလို၊ ချက်ချင်းစီမံပြီး ဈေးနုံးချိုသာစွာနဲ့ ရောင်းချပေးနေတာတွေလည်း ရှိလေရဲ့။ နိုင်ငံခြားသားအများဆုံး စိတ်အဝင်စားဆုံးနေ၇ာကတော့ ကြာပန်းမီးပုံးတွေကို လက်တွေ့ပြုလုပ်တဲ့နေ၇ာပါပဲ။ လူကြီးလူငယ်အစုံ၊ အဖြူအမဲ အသားေ၇ာင်လည်းရှိ၊ ဗုဒ္ဓဘာသာဝင်မှမဟုတ် စိတ်ဝင်စားသူတိုင်း ဝင်ေ၇ာက်လုပ်ကြည့်လို့၇တဲ့နေ၇ာပါပဲ။ လူတွေစုံတာမှ ခေါင်းမြီးခြုံ မွတ်စလင်မများတောင် ပျော်ပျော်ကြီးလုပ်နေကြတာကို တွေ့ခဲ့၇။ မလုပ်တတ်မှာ မပူလေနဲ့ သင်ပြပေး ကူညီးပေးမဲ့သူတွေကလည်း အဆင်သင့်။ အဖွဲ့အသီးသီး နိုင်ငံကလည်းစုံဆိုတော့ ကြည့်စ၇ာတွေကတော့ မကုန်နိုင်အောင်ပါပဲ။ မြန်မာတို့၇ဲ့နေရာမှာကတော့ (သာကူ) တိုက်တာ ခဏလေးနဲ့ကုန်သွားသတဲ့။ ပိဋကသုံးပုံးစာအုပ်များ၊ ဗုဒ္ဓခြေတော်ရာစေတီတော်၊ မင်းကွန်းဆ၇ာတော်ဘု၇ားကြီးပုံတော်နှင့် သီတဂူဆ၇ာတော်ကြီးတို့၏ ပုံတော်များ နှင့် ရွှေတိဂုံပုံ ပုဂံရှု့ခင်းများကို ပြသခဲ့ကြသည်။ ပြချင်သောပစ္စည်းများကို အလွယ်တကူ သယ်ယူဘို့ခဲယဉ်းခြင်း အကြောင်းအမျိုးမျိုးကြောင့် ဝေဝေဆာဆာ မပြသနိုင်ခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးထွက်ကုန်တွေကိုတော့ ပြသနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေများစွာထဲက အဖိုးမဖြတ်နိုင်သော ရတနာတစ်မျိုးဖြစ်တဲ့ ဓမ္မရတနာကို ထုတ်ပြခဲ့ခြင်းပါ။ ပိဋကတ်စာမေးပွဲကို ဘယ်လောက်ကြာအောင် လေ့လာသင်ယူ ကျက်မှတ်၇ပြီး ဘယ်လိုဖြေ၇တယ်ဆိုတာကို ရှင်းပြဖြစ်ခဲ့တယ်။ ဒီလောက်နှစ်ပေါင်း (၅၀)ကျော်ကြာ ကျင်းခဲ့ပေမဲ့ စာမေးပွဲကိုအောင်မြင်တဲ့ ဆ၇ာတော်အေ၇အတွက်က (၁၅)ပါးမျှသာ ရှိသေးကြောင်းနှင့် ထိုအထဲမှ မင်းကွန်းဆ၇ာတော်ကြီးသည် ပထမဆုံးထူးခြားစွာအောင်မြင်သူဖြစ်ကြောင်း စသည်စုံလင်စွာ ရှင်းပြဖြစ်ခဲ့သည်။ အင်အားနည်းလို့ စုံလင်အောင် မပြသနိုင်ပေမဲ့ ရှိသမျှတွေနဲ့ မြန်မာဂုဏ်ကိုဆောင်နိုင်အောင် ကိုယ့်နိုင်ငံ၇ဲ့ ဗုဒ္ဓဘာသာထွန်းကားမှုကို စုပေါင်းအားနဲ့ ပြသနိုင်ခဲ့ပါသည်။ နောင်နှစ်များမှာ တို့ရွှေမြန်မာများ အချိန်ယူလို့ လှည့်လည်ကြည့်ရှု့လို့ ကို၇ီးယားရဲ့ ယဉ်ကျေးမှုအလှကို ခံစာကြည့်ကြဘို့ တိုက်တွန်းလိုက်ပါသည်။ ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ မေတ္တာဖြင့် သန္တိက၇ဆ၇ာတော်

No comments: