Wednesday, May 15, 2013

ဆရာများနေ့

မေ ၁၅ ရက်ဟာ တောင်ကိုရီးယားနိုင်ငံ၏ ဆရာများနေ့ ဖြစ်ပါတယ်။ ကျောင်းတွင် ပညာသင်ပေးနေသော ဆရာများအပါအ၀င် မိမိတို့ရဲ့ တခြားသော ဆရာများကို ရင်ထိုးပန်းများ ထိုးပေးသလို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးကြ၊ ကန်တော့ကြပါတယ်။   
ဆရာများနေ့ ဖြစ်ပေါ်လာပုံကတော့ ၁၉၆၄ ခုနှစ် ဧပြီလ လူငယ် ကြက်ခြေနီ ခေါင်းဆောင်များ ဂျောန်လာ ဘုဂ်ဒို ဂျောန်ဂျူမှာ စုစည်း တွေ့ဆုံ စည်းဝေးကြပြီး မေ ၁၅ ရက်ကို ဆရာများနေ့ဟု အသိအမှတ်ပြုခဲ့ကြပါတယ်။ အဲဒီနေ့မှာ ဒေသအလိုက် ပွဲတော်များ ကျင်းပကြပြီး ကျောင်းသား ကျောင်းသူများက ဆရာ၊ ဆရာမများရဲ့ ရင်ဘတ်မှာ အနီရောင် ကာနေရှင်း ပန်းများ ချိပ်ပေးကြပါတယ်။ ဆရာများရဲ့ ကရုဏာ၊ စေတနာများကို တန်ဘိုးထား လေးစားနိုင်ရန်အတွက် သတ်မှတ် ကျင်းပပေးခြင်း ဖြစ်ပါတယ်။ 
နောက်ထပ် မေ ၁၅ ရက်ဟာ မိသားစုရဲ့ နေ့လည်းဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ၄၄ ကြီမ်မြောက် ကုလသမ္မ အထွေထွေ အစည်းအဝေးကနေ ၁၉၉၃ ခုနှစ်မှ စပြီး ကမ္ဘာ့ မိသားစု နှစ်အဖြစ် အသိအမှတ်ပြုပြီး မေ ၁၅ကို ကမ္ဘာ့ မိသားစုနေ့အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် မေလကို တောင်ကိုရီးယားနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ မိသားစု အခြေခံ ဥပဒေအရ မိသားစု လအဖြစ် အသိအမှတ်ပြုပြီးနောက် မေ ၁၅ ရက် မိသားစုနေ့အဖြစ် ၂၀၀၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင် အသိအမှတ်ပြုခဲ့ပါတယ်။

No comments: