Wednesday, May 15, 2013

ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)မှ အသိပေးကြေညာခြင်း

ရေးသားသူ — ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)


 ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)
ငွေစာရင်းရှင်းတမ်း

       ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)သည် စတင်ဖွဲ့စည်းခဲ့သော ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့မှစတင်၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ ရောက် မြန်မာနိုင်ငံသားများထံမှ အလှူငွေများကောက်ခံခြင်း၊ ရန်ပုံငွေရှာဖွေပွဲ ကျင်းပပြုလုပ်ခြင်း၊ အဖွဲ့ဝင်များ ထည့်ဝင်သော လစဉ်ကြေးများဖြင့် ရန်ပုံငွေ ရှာဖွေစုဆောင်းခဲ့ပါသည်။ အများပြည်သူ သိသာရှင်းလင်းစေရန် ရည်ရွယ်၍ အောက်ပါ ငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်အပ်ပါသည်။


၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ~ ၂၀၁၃ ခုနှစ်၊ ဧပြီလ


စဉ်
အကြောင်းအရာ
ရရှိငွေ
စဉ်
အကြောင်းအရာ
သုံးစွဲငွေ
၁။
‘မ’တည်ငွေ
     ၅၀ ၀၀၀
၁။
ရုံးအသုံးစားရိတ်
      ၉၅ ၀၀၀
၂။
အဖွဲ့ဝင်များ၏ လစဉ်ကြေး
   ၆၀၅ ၀၀၀
၂။
၂၀၁၂ သင်္ကြန်ပွဲ စတုဒီတာ
    ၁၈၉ ၁၀၀
၃။
မြန်မာနိုင်ငံသားများ  လှူဒါန်းငွေ
   ၃၄၀ ၀၀၀
၃။
၂၀၁၂၊ ဇူလိုင်လတွင် ရခိုင် ပြည်နယ်သို့ လှူဒါန်းငွေ
 ၁ ၀၈၀ ၀၀၀
၎။
ငွေလက်ခံဖြတ်ပိုင်းဖြင့် အလှူခံငွေ
   ၃၄၀ ၀၀၀
၎။
၂၀၁၂ တိလောကမုနိ ဗုဒ္ဓ   ပူဇနိယပွဲတော် စတုဒီတာ
    ၁၁၀ ၀၀၀
၅။
ကိုရီးယားဘုန်းတော်ကြီးမှ လှူဒါန်းငွေ
   ၆၀၀ ၀၀၀
၅။
၂၀၁၃ ဒေါ်အောင်ဆန်းစု ကြည် ခရီးစဉ် ရန်ပုံငွေ
    ၂၀၀ ၀၀၀
၆။
၂၀၁၂/၉/၁၆  ရန်ပုံငွေ   ရှာဖွေပွဲမှ ရရှိငွေ
၃ ၃၄၈ ၆၅၀


၇။
ရခိုင်ပြည်နယ်သို့ လှူဒါန်းရန် ကောက်ခံရရှိငွေ
 ၁ ၀၈၀ ၀၀၀
ရရှိငွေစုစုပေါင်း
၆ ၃၆၃ ၆၅၀
သုံးစွဲငွေစုစုပေါင်း
 ၁ ၆၇၄ ၁၀၀
စာရင်းဖွင့်လက်ကျန်
-၀-
စာရင်းပိတ်လက်ကျန်
 ၄ ၆၈၉ ၅၅၀
စုစုပေါင်း
၆ ၃၆၃ ၆၅၀
စုစုပေါင်း
 ၆ ၃၆၃ ၆၅၀

                                                    
 
၂၀၁၃ခုနှစ်၊ ဧပြီလ ၁၄ရက်နေ့အထိ ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)၏ ဘဏ္ဍာရေး ငွေစာရင်းရှင်းတမ်းအရ စုစုပေါင်း (၄၆၈၉၅၅၀)ဝမ်ကို ရန်ပုံငွေအဖြစ် ရရှိထားကြောင်း ကြေညာအပ်ပါသည်။

 အသ

 ထုတ်ပြန်ကြေညာချက်




ရက်စွဲ။       ။၂၀၁၃ ခုနှစ်၊ ဧပြီလ ၄ရက်။


                                                                  ပြည်သူ့ဂုဏ်ရည်အသင်း(ကိုရီးယားဌာနခွဲ)သည် မြန်မာနိုင်ငံတွင် လူမှုဒုက္ခများကို ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသော လူမှုရေးသူရဲကောင်းများ၊ အဖွဲ့အစည်းများကို ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ၏ စုစည်းညီညွှတ်မှုဖြင့် လူသိရှင်ကြား တရားဝင်အခမ်းအနားများ ကျင်းပကာ ဖော်ထုတ် ဂုဏ်ပြုသွားရန်ဟူသော လုပ်ငန်းစဉ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပါသည်။
       မြန်မာနိုင်ငံတွင် လူမှုဒုက္ခများကင်းဝေး၍ သာယာသော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ပေါ်ထွန်းလာစေရေးဟူသည့် ပန်းတိုင် သို့ ချီတက်ရန်အတွက် တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းအလိုက် စုပေါင်းလုပ်ဆောင်ကြသည့် ပြည်သူ့ဂုဏ်ဆောင် လူမှုရေး သူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုခဲ့သည်မှာ စတုတ္ထအကြိမ်မြောက်သို့ ရောက်ရှိလာပါတော့မည်။
          ပထမအကြိမ်         - အမေရိကန်နိုင်ငံ၊ လော့အန်ဂျဲလိစ်မြို့။
          ဒုတိယအကြိမ်        - အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်ကိုမြို့။
          တတိယအကြိမ်      - အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့။
       ယခု စတုတ္ထအကြိမ်မြောက်အဖြစ် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
 
၂၀၁၃ ခုနှစ်၊ မေလ (၂၆)ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့၊ 소사구청ခန်းမ၌ နေ့လည် (၁၂း၃၀) နာရီမှ (၁၆း၀၀)နာရီအထိ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ကျင်းပမည်ဖြစ်ပါသည်။

အခမ်းအနားမစတင်မှီ  နံနက် (၁၁း၀၀)နာရီမှ (၁၂း၁၅)နာရီအထိ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံပါမည်။ အစီ အစဉ်အသေးစိတ်ကို ဆက်လက်၍ အသိပေးကြေညာသွားပါမည်။
       ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရည်ရွယ်ကာ အထူး ဧည့်တော်များအဖြစ် လူမှုရေးလုပ်ငန်း များကို စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်နှင့် ၈၈ကျောင်းသားခေါင်းဆောင် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးဂျင်မီတို့ကိုလည်း ဂုဏ်ပြုဟောပြောပေးရန် ဖိတ်ကြားထားပါသည်။
        ထို့ကြောင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး တတ်အားသရွေ့ ဝိုင်းဝန်း ကူညီအားပေးကြပါရန် အသိပေး ကြေညာအပ်ပါသည်။
    ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)
ဆက်သွယ်ရန် :   ၀၁၁ ၂၉၂ ၉၅၄၂၊     ၀၁၀ ၈၆၄၈ ၄၅၃၃၊     ၀၁၁ ၉၀၁၃ ၁၀၃၄။

No comments: