Wednesday, May 15, 2013

ရွှေလိမ္မော်၏ မှတ်မှတ်ရရ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် အစီအစဉ်

၈၈-ကျောင်းသားခေါင်းဆောင်များ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခြင်းအား ဂုဏ်ပြုကြိုဆိုသောအနေဖြင့်လည်းကောင်း ၊ ရွှေလိမ္မော်မိတ်ဆွေများအတွက် အမှတ်တရ ဖြစ်စေခြင်းအလို့ငှာလည်းကောင်း ရွှေလိမ္မော်စားသောက်ဆိုင်အနေဖြင့် အထူးလျှော့ဈေးပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်းပြုလုပ်မည်ဖြစ်ပါသည်-

ရက်စွဲ-
၂၀၁၃-မေ-၁၈ (စနေ) နှင့် မေ-၁၉ (တနင်္ဂနွေ)

အချိန် -
စနေနေ့ နေ့လည် ၁၁ နာရီ ခွဲမှ တနင်္ဂနွေ ညနေ-၆နာရီ ခွဲထိ

နေရာ-
ရွှေလိမ္မော် မြန်မာစားသောက်ဆိုင်

လျှော့ဈေးနှုန်း-
- စားဖွယ်ရာများ ၅၀ ရာခိုင်နှုန်း (ရှိရင်းဆိုင်မီညူးပါမူလဈေးနှုန်းအပေါ်)
- ယမကာများ ၃၀ ရာခိုင်နှုန်း (ရှိရင်းဆိုင်မီညူးပါမူလဈေးနှုန်းအပေါ်)

ကိုရီးယားနိုင်ငံရောက် ရွှေလိမ္မော် မိတ်ဆွေအပေါင်းတို့အနေဖြင့် ၊ မှတ်မှတ်ရရ ၊ လွတ်လွတ်လပ်လပ် ၊ ပေါ့ပေါ့ပါးပါး ၊ ပျော်ပျော်ရွှင်ရွှင် ကြွရောက် သုံးဆောင်အားပေးနိုင်ကြပါကြောင်း လေးစားစွာ ဖိတ်မန္တကပြုအပ်ပါသည်။

-ကျေးဇူးအထူးတင်ပါသည် ။

ရွေလိမ္မော် မိသားစု
2013-May-16

No comments: