Tuesday, June 11, 2013

ကိုရီးယား ဝေါလ်ဂျူ ဆရာတော်အား သဒ္ဓမ္ဓ ဇောတိကဓရ ဘွဲ့ ဆက်ကပ်ခြင်း

၂၀၁၃ ခုနှစ် ဇွန် ၇ ရက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ် ( ဆောအုလ် ) ရှိ ကိုရီးယားနိုင်ငံလုံးဆိုင်ရာ မြန်မာသံရုံး၌ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ပေးခဲ့သည့် ဝေါလ်ဂျူ ဆရာတော်အား သမတ ဦးသိန်းစိန် ကိုယ်စား သံအမတ်ကြီး ဦးညွှန့်လှိုင်က သဒ္ဓမ္ဓ ဇောတိကဓရ Saddhamma Jotikadhaja ဘွဲ့တော်ကို ဆက်ကပ်ခဲ့ပါသည်။ ဝေါလ်ဂျူ ဆရာတော်သည် ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံသို့ နာဂစ် လေမုန်တိုင်း ၀င်ရောက်ခဲ့စဉ်က ဆန်များ လှူဒါန်းခြင်း၊ ပညာရေးနှင့် သောက်ရေသန့် ရရှိရေးတို့အတွက်ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါသည်။ ဒေါ်လာ ၁သန်း တန်ဘိုးရှိ ကျောင်းပေါင်း ၈ခု၊ သောက်ရေသန့် ကန်များ ၈ ခုတို့ကို တည်ဆောက်ပေးကြောင်း ကိုရီးယားနိုင်ငံထုတ် ဗုဒ္ဓဘာသာ သတင်းစာက ဖော်ပြထားပါသည်။
 ဇော်မိုးအောင် (ကိုရီးယား)
 ဂါထာ ဆိုဒ်က ဖော်ပြပေးထားသော သတင်း

No comments: