Monday, June 10, 2013
ဇွန် ၁၀ ဒီမိုကရေစီအရေးတော်ပုံ
၁၉၈၇ ခုနှစ် ဇန်န၀ါရီ ၁၄ ရက် ဆိုးလ် (ဆောအုလ်) တက္ကသိုလ် ကျောင်းသာ ဘဂျူန်ချောလ်သည် နာမ်ယောန် စခန်း (ယခု အမှတ် ၁ မြေအောက် ရထားလမ်း Namyoung Station နာမ်ယောန် (နာမြောန်း) ဘူတာ အနီးရှိ အနီရောင် အဆောက်အအုံ၊ ရဲစခန်း ) တွင် မတရား ညှင်းပမ်း နှိပ်စက် သတ်ဖြန်ခံခဲ့ရ၍ မိဘများက မကြေနပ်ဖြစ်ခဲ့ပြီး အဆိုပါ စခန်းသို့ လာရောက်၍ ဆန္ဒပြ တောင်းဆိုခဲ့ကြရာမှ ကျောင်းသား ပြည်သူများ၏ စိတ်ထဲမှာ ထင်စွဲနေခဲ့ကြပါသည်။
၁၉၈၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် တနိုင်ငံလုံးရှိ နေရာ အနှံတွင် ဘဂျူန်ချောလ်၏ အောက်မေ့ဘွယ် အခမ်းအနားများ ကျင်းပပြီး ဆန္ဒပြပွဲများလည်း ဖြစ်ပေါ်လာခဲ့ကြပါသည်။ ၁၉၈၇ ခုနှစ် မတ် ၃ ရက် ကိုရီးယား ရိုးရာ ၄၉ ရက်မြောက် နေ့တွင် နေရာ အနှံ့အပြားတွင် လမ်းလျှောက်ပွဲများ ကျင်းပပြီး ဆန္ဒပြပွဲများလည်း ဖြစ်ပွားခဲ့ပါသည်။ ၁၉၈၇ ခုနှစ် ဧပြီ ၂ ရက် ဆိုးလ် (ဆောအုလ်) တက္ကသိုလ် ကျောင်းသား မိဘများ ၁၃၀ ယောက်ခန့်သည် ဖမ်းဆီးခံ ကျောင်းသားများ လွတ်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုကြသလို အစာငတ်ခံ ဆန္ဒပြခဲ့ကြပါသည်။ ၁၉၈၇ ခုနှစ် ဧပြီ ၁၃ ရက် သမတ ချန်ဒူဝါန်( ဂျောန်ဒူဝါန်)က အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးပေးမည် ဖြစ်ကြောင်း ပြောဆို ၁၉၈၇ ခုနှစ် ဧပြီ ၁၄ ရက် ရိုမာန်ကက်သလစ် ဂိုဏ်းချုပ် ဆရာတော် ကင်းမ်ဆုဟွာန်( ကွယ်လွန်) က ဧပြီ ၁၃ ပြောဆိုချက်ကို ဝေဖန်ပြီး ထုတ်ပြန်ချက် ကြေညာခဲ့သည်။ ဧပြီ ၂၄ ရက် ပူးပေါင်းရေး ဒီမိုကရေစီ အဖွဲ့ တည်ထောင်ခြင်းအတွက် နှောက်ယှက်ခြင်း ခံခဲ့ရသည်။ ၁၉၈၇ ခုနှစ် မေ ၁၇ ရက် အလုပ်သမား ဟွာန်ဘိုယောန်ဂုဂ်က ဘူဆာန် ဆာန် အထက်တန်းကျောင်း (ယခု ဂဆောန် အထက်တန်းကျောင်း) ရှေ့တွင် စစ်အစိုးရ ကျဆုံးပါစေ ဟု ကြွေးကြောပြီး မိမိကိုယ်ကို မီးရှို့ ဆန္ဒပြတောင်းဆိုခဲ့ရာ တစ်ပတ်အကြာတွင် သေဆုံးခဲ့ရသည်။ ၁၉၈၇ ခုနှစ် မေ ၁၈ ရက် ဆိုးလ် (ဆောအုလ်) မြောန်ဒုန် ရိုမာန်ကက်သလစ် ဘုရားရှိခိုးကျောင်းတွင် ၇ နှစ်မြောက် ဂွာန်ဂျူအရေးအခင်း နှစ်ပတ်လည် အခမ်းအနားတွင် ဆရာတော် ကင်းမ်ဆုဟု(န်)က ဘဂျူန်ချောလ် ညှင်းပမ်း သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုခဲ့သဖြင့် ပြည်သူအများ ဒေါမာန်ဟုန် ဖြစ်ခဲ့ရပါသည်။ ၁၉၈၇ ခုနှစ် မေ ၂၃ ရက် ဘဂျူန်ချောလ် သတ်ဖြတ်မှု အမှုမှန်ပေါ်ပေါက်ရေးနှင့် ပြည်သူ့ ဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီကို တည်ထောင်ပြီး ဇွန် ၁၀တွင် ဆန္ဒပြဘို့ ပြင်ဆင် သတ်မှတ်ခဲ့သည်။ ၁၉၈၇ ခုနှစ် မေ ၂၆ ရက် ဂျောန်ဒူဝါန် သမတက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူအဖြစ် ၀န်ကြီးချုပ် နိုရှင်းယောန် ကို ဖြုတ်ချပြီး ယိဟန်ဂီအား ၀န်ကြီးချုပ် အသစ် ခန့်အပ်လိုက်သည်။ ၁၉၈၇ ခုနှစ် မေ ၂၇ ရက် တနိုင်လုံးရှိ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းက ဒီမိုကရေစီနည်အရ ဖွဲ့စည်းပုံ အခြေခံ ဖြစ်ပေါ်ရေး လှုပ်ရှားမှုကို စတင်ခဲ့ရာ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းများပါ ပါဝင်လာခဲ့ကြသည်။ ၁၉၈၇ ခုနှစ် ဇွန် ၉ ရက် ယောန်ဆဲ တက္ကသိုလ်ရှေ့တွင် ဆန္ဒပြနေသော ကျောင်းသားများထဲသို့ မျက်ရည်ယို ဗုံး ပစ်ထည့်လိုက်ရာ ကျောင်းသား ယိဟာန်ယောလ်က မျက်ရည်ယို ဗုံး ထိမှန်သွားပြီး ဇူလိုင် ၅ ရက်တွင် သေဆုံးသွားခဲ့သည်။
၁၉၈၇ ခုနှစ် ဇွန်၁၀ ရက်နေ့တွင် တနိုင်လုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတော့သည်။ ၁၉၈၇ ခုနှစ် ဇွန် ၂၆ ရက်တွင် တနိုင်လုံး ဆက်တိုက် ဆန္ဒပြတောင်းဆိုခဲ့ကြရာ ၃၊ ၄၆၇ ဦး အဖမ်းခံခဲ့ရသည်။
၁၉၈၇ ခုနှစ် ဇွန် ၂၉ ရက်တွင် နိုထဲအုက ဒီမိုကရေစီနည်းလမ်းအရ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးနှင့် အဖမ်းဆီးခံထားရသူများကို လွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၁၉၈၇ ခုနှစ် အောက်တိုဘာတွင် သမတရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းအရ ကျင်းပပေးခဲ့ရာ ကင်းမ်ဒဲဂျူန်၊ ကင်းမ်ယုန်ဆာမ်တို့က ရွေးကောက်ပွဲကို ဖိအားပေးခဲ့ပေမယ့် နိုထဲအုက သမတ ဖြစ်သွားခဲ့ပါသည်။ ဘယ်လိုဘဲ ဖြစ်နေပါစေ နိုထဲအု လက်ထက်ကစတင်ပြီး ပြောင်းလဲမှုတွေကို စတင်ခဲ့သည့် ကိုရီးယားသည် အခုတော့ ကမ္ဘာ အဆင့်မှီ နိုင်ငံကြီး တစ်ခုအဖြစ် ရပ်တည်နေနိုင်ခဲ့ပါပြီ။ အကျဉ်းချုပ် ဖော်ပြလိုက်ပါသည်။ လိုအပ်သည်များကို ထပ်မံ ဖြည့်စွပ်ပါမည်။
ဇော်မိုးအောင် (ကိုရီးယား)
ဓာတ်ပုံများကြည့်ရန်
Subscribe to:
Post Comments (Atom)








No comments:
Post a Comment