Sunday, June 9, 2013

တိုက်ဖုန်း ၃ ကိုရီးယာသို့ ၀င်ရောက်ဘွယ်ရှိ

တောင်ကိုရီးယားနိုင်ငံသို့ ယနေ့ ညနေ ၆ နာရီ အချိန်လောက်တွင် ဖီလစ်ပိုင် နိုင်ငံဘက်မှ တိုက်ဖုန်း အမှတ် ၃က ၀င်ရောက်လာနိုင်ဘွယ် ရှိကြောင်း ကိုရီးယား သတင်းများအရ သိရပါသည်။ အဆိုပါ တိုက်ဖုန်းသည် ၁၇ ကီလိုမီတာ အရှိန်ရှိပြီး သေးငယ်သော်လည်း ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အားလုံး သတိရှိစေရန်အတွက် သတိပေးလိုက်ရပါသည်။
အဆိုပါ တိုက်ဖုန်းသည် ဇွန် ၈ ရက် မနေ့က ဖီလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းမှ စတင်နေပြီး ကိုရီးယားနိုင်ငံအတွင်းသို့ ၀င်ရောက်လာနိုင်ဘွယ်ရှိသလို ဇွန် ၁၂ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ၀င်ရောက်နိုင်ဘွယ်ရှိကြောင်း ကိုရီးယား မိုးလေ၀သဦးစီးဌာနက ထုတ်ပြန်ထားပါသည်။

No comments: