Friday, June 28, 2013

ဇူလိုင် ၆၊ ၇ ရက် မာန်လီဖိုသို့ အပန်းဖြေသွားကြရအောင်

ရေးသားသူ - မြန်မာအသင်း (ကိုရီးယား)


ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာအပေါင်းတို့ခင်ဗျာ -
လာမည် ဇူလိုင် ၆ ရက် စနေနေ့မှ ၇ ရက် တနင်္ဂနွေနေ့အထိ ပူချွန်းရွှေ့ပြောင်းနေထိုင်သူများ ကူညီစောင့်ရှောက်ရေး စင်တာ (ယခင် ပူချွန်းနိုင်ငံခြားသား အလုပ်သမားများရိပ်သာ)က ဦးစီး၍ ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသား မိသားစုများ၏ အဖွဲ့အစည်းတို့ စုပေါင်း၍ ကိုရီးယားနိုင်ငံ အနောက်ဘက် အလယ်ပိုင်းရှိ ချူ(န်)နာမ် ထဲအာန်ဂု(န်) မာန့်လီဖို ပင်လယ်ကမ်းခြေသို့ အောက်ပါ အစီအစဉ်အတိုင်း အပန်းဖြေ သွားမည်ဖြစ်ပါသဖြင့် လိုက်ပါမည့် ရွှေမြန်မာတို့ ဇူလိုင် ၃ ရက် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး ဆက်သွယ်ပေးကြပါရန် နိုးဆော်လိုက်ရပါသည်။ တစ်ဦးလျှင် စရိတ်ငြိမ်း ၄၂၊ ၀၀၀ (၀မ်)ဖြင့် ဦးရာလူ စနစ်ဖြစ်ပါသည်။
ဇူလိုင် ၆ ရက် စနေနေ့ ပူချွန်း ရွှေ့ပြောင်းနေထိုင်သူများ ကူညီစောင့်ရှောက်ရေးစင်တာ ရှေ့မှ ကားများ
နေ့လည် ၃ နာရီ တကြီမ်၊ ညနေ ၅ နာရီ တကြီမ် နှစ်ကြီမ်ခွဲ ထွက်မည်ဖြစ်ပါသည်။
 ဇူလိုင် ၇ ရက် တနင်္ဂနွေနေ့ ညနေ ၄နာရီတွင် မာန်လီဖိုမှ ကားများ ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။ 

ဆက်သွယ်ရန် -
ဦးခင်မောင်ရင် ( ဥက္ကဌ၊ မြန်မာအသင်း (ကိုရီးယား)) ၀၁၀ - ၂၇၈၈ - ၇၁၅၃
ဦးသန့်စင်အောင် ( ဒုတိယ ဥက္ကဌ၊ မြန်မာအသင်း (ကိုရီးယား)) ၀၁၀ - ၉၀၅၄ - ၄၇၂၇




2 comments:

Unknown said...

ဇွန်လလား ဇွန်လိုင်လလား သေသေချာချာေ၇းကြပါကွာ

Unknown said...

ဇွန်လလား ဇွန်လိုင်လလား သေသေချာချာေ၇းကြပါကွာ